သစ္စာမဲ့တယ်ထိပ်ထားရယ်

နေဝန်းသည် အရှေ့ဂေါဓန်မှတောင်တန်းများကို ကျော်ဖြတ်ဘို့ အားတင်းကာ ရုန်းကန်နေချိန ်။ ကမ္ဘာလောကကြီးကို အလင်းတန်းလေးများဖြင့် ရောင်ခြည်သန်းဘို့ အရှေ့ဂေါဓန်တောင်ထိပ်ဆီသို့ မေးတင်စပြုနေပေပြီ ။ တောင်တန်းများပေါ်မှ စမ်းချောင်းလေး တသွင်သွင်စီးကျသံ ။ စမ်းချောင်းလေးမှာ တောင်ကြို ကျောက်ကြားမှ ၊ ချိုင့်ဝှမ်းများကိုကျော်ဖြတ်ကာ အရှိန်မပြတ်တလည်ဆက် စီးဆင်းနေသည် ။



နေဝန်းကြီးထွက်စပြုချိန် ၊ စမ်းချောင်းအနီးရှိ ရိုးတန်ကြိုတိုး ကျဲတဲ သစ်ပင်အို ။ အပူုရှိန်သည် အလွန်းပြင်းလွန်းသောကြောင့် ရွက်အိုဝါတို့ တစတစ ဖြေမနိုင်ဆဲမရကြွေကျနေသည် ။ စမ်းချောင်းလေး၏ ရေစီးသံသည် နွေကြိုဥသြနှင့်အတူ ဂီတသံသဖွယ်သာယာငြိပ့်ညောင်းစွာဖြင့် တွန်မြည်နေသည် ။ တောင်အလီလီကို ကျော်ဖြတ်လာသော လေညှင်းလေးသည် စမ်းရေခြည်နှင့်အတူ အေးမြလှသည် ။ စမ်းချောင်းထက်သို့ ရွက်အိုဝါတို့ မျှောပါနေသည်ကို ရွှေဝါရောင်လိပ်ပြာငယ်လေး ဝဲပျံဆော့ကစားနေသည် ။



ထိုအချိန်တွင် ကြားနေရသောဆောင်းသံနှင့်အတူ သာယာလှသောသီချင်းသံ ။ ဆောင်းသံနှင့်သီချင်းသံတို့မှာ လိုက်ဖက်ညီလှသည် ။ ဆိုဟန်မှာ...................... တောင်သေလာ ၊ စမ်းချောင်းထက်မှာလ ၊ နွမ်းကြွေကျရွက်ဝါရယ်........။

သီဆိုသူမှာ တစ်ခြားမဟုတ် မဂ္ဂိုလ်ပြည်၏ မြို့စားလေး ။ အထီကျန်သူ့ဘဝကို တောကစားထွက် အပန်းဖြေ သီချင်းညဉ်း ဆောင်းတီ၍ ကုန်လွန်ခဲရသည် ။ ရုတ်ချင်းဆိုသလိုပဲ ခြုံကြားမှ ယုံငယ်လန့်ကာ ထွက်ပြေးလာသည် ။ မြို့စားလေးမှာ ယုံငယ်ဝင်သွားရာ ခြုံကြားထဲသို့ နောက်မှထပ်ကြပ်မခွာလိုက်သွားမိသည် ။လက်မှာလဲ လေးနှင့်မျှား ။



မြို့စားလေးသည် ယုံငယ်ဝင်သွားရာ ၊ ခြုံထဲသို့ဝင်ရှာခိုက် ။ ဟင်.......... သူ၏အံသြသံ ။ ဖြူဖွေးသောဇာပုဝါး ။ သူရင်ထဲတွင် ဒိန်ခနဲ နှလုံူးခုန်သံ ။ တစ်တောလုံးတစ်တောက်လုံး ကြားလောက်ကို သူရင်တွေခုန်နေသည် ။ မယုံနိုင်စရာ မြင်ကွင်းကြောင့် သူမှာ မင်သက်သွားသည် ။ ဒါ.....ဒါ ..........။ သူရောင်မယ်လား ဒါမှမဟုတ် ။ အနားကပ်၍ သူတိုးကြည့်လိုက်သည် ။ ဝင်းဝါစိုပြည်နေသော သူုမ၏အသားအရည် ၊ နက်မှောက်ကြော့ရှင်းနေသော သူမ၏ဆံနွယ်များ ။ လက်ထဲမှလေးမျှားကို ချ ။ သူမကို ကိုင်ကြည့်လိုက်သည် ။ ကိုယ့်ငွေ့သက်သက်လေးရှိနေသေးသည်။ မြို့စားလေး မျက်နှာဝမ်းသာရိပ်တို့ ပြည့်လျှံသွားသည် ။ သူမကို ပွေ့ချီကာ မြင်းပေါ်သို့တင်လိုက်သည် ။



မဂ္ဂိုလ်ပြည်ထဲသို့ မြို့စားလေးနှင့်အတူ နွမ်းလျှပျော့ခွေနေသောသူမ ၊ ပင်ပန်းကြီးစွာနဲ့သူမ မြို့စားလေးရင်ခွင်ထက်တွင် အိပ်ပျော်နေသည် ။ မြို့ရှိလူများလဲ အားလုံးအံသြနေကျသည် ။ ခါတိုင်းဆို မြို့စားလေး ပြန်လာရင် ပါလာသောအရာမှာ တောကောင် ။ အခုတော့ တောကောင်မဟုတ် ဝင်းဝါသောစိုပြေသောအသားအရည်နှင့်လိုက်ဖက်သော ဇာပုဝါပါး အဖြူနှင့် အမျိုးသမီးငယ် ။ မြို့သူ မြို့သားတို့က မှတ်ချက်ပေးနေသံ တစ်မြို့လုံး ဆူညံသွားသည် ။ ရန်သူသုန်ပန်း ဒါမှမဟုတ် မြို့စားလေး၏ ကြင်ယာတော် ။ သို့သော်........မှတ်ချက်ပေးသံများသည် အခုတော့ လွဲမှားနေလေသည် ။



ကြယ်ဝန်းသောစံအိမ်ကြီး၏ ဆင်ဝင်အောက်တွင် မြင်းကိုရပ်လိုက်သည် ။ ပင်ပန်းနွမ်းလျှသော သူမကို သာယာစွာပွေ့ယူကာ သူ၏တစ်ကိုတော် အိပ်ခန်းရှိရာ သလ္လာညောင်စောင်းပေါ်သို့ သူမ အနားယူရန် တင်ထားလိုက်သည် ။ မြို့စားလေးသည် ကိုယ်လက်သန့်စင်ရန် လှည့်ထွက်ရန်အားပြုစဉ် ။ အသိစိတ်ထက် မသိစိတ်ကပို၍ ကြည့်ချင်နေမိသည် ။ သူမ၏ အလှ ၊ သူမ၏မျက်နှာလှလှ ငွေလဝန်း ၊ အတွေ့နှင့်အငွေ့ အရာအားလုံးသည် မြို့စားလေး အဖို့ သာယာနေသည် ။ မကြည့်ရန်အားခဲသော်လည်း မရ ။ ကြည့်ချင်နေမိသည် ။



မြို့စားလေး စတင်ကြည့်လိုက်သည် ။ သူမ၏ဆံနွယ်လေး........။ ဟုတ်သည်သူမ၏ဆံနွယ်လေးများမှာ နက်မှောင်ကျော့ရှင်း ပိုးသားလေးပမာ ပျော့ပျောင်းသည် ။ ထိုဆံနွယ်လေးသည် မြို့စားလေး၏ ရင်တွင်းတစ်နေရာကို ရစ်နှောင်ဖွဲ့ တွယ်ငင်လေပြီ ။



နဖူုးပြင်နူနူ........။ မှန်သည် .........။ သူုမ၏နဖုူးပြင် မို့မောက်ပြန့်ဖြူးနေသော လေဟာနယ်ကြားမှတိမ်ဆိုင်အလား ။

အိမ်မြှောင်တက်ရင်တောင်ချောကျလောက်အောင် သူုမ၏နဖုူးပြင်နုနုလေးသည် ချစ်စရာအနမ်းလေးများ ပေးချင်နေမိအောင် လှပနေပြန်သည် ။ သို့သော်.................အားနည်းသူကို အခွင့်ကောင်းယူသည်ဖြစ်မည်ကို မြို့စားလေး စိုးကြောက်စွာ ရင်သိမ်းဆည်းထားလိုက်ရသည် ။



မျက်ခုံးများမှာ သောင်ယံအထက်ဝဲပျံတက်နေသော ဇင်ယော်ငှက်အလား ။ အတောင်ချင်းယှက် ပျော်တော်ဆက်နေသော ငှက်မောင်နှံပမာ သူမ၏မျက်ခုံးလေး ကော့ကွေးနေသည် ။ မျက်ခုံးနှစ်ဖက်သည် ပင်ကိုယ်ကွေးကောက်ပြီး ညီညာချောမွတ်နေသည် ။ မြို့စားလေးသည် သူုမ၏မျက်ခုံးလေးကို ကြည့်ချင်နေမိသည် ။ သို့သော် ......... သူုမပင်ပန်းကြီးစွာ အိပ်စက်နေသည် ။



နှာတံအလှမှာ ၊ လုံးချောညီညာကာ၊ တသွင်သွင်စီးနေသော စမ်းချောင်းအလား စင်းဖြောင့်နေသည် ။ သူမ၏လက်ချောင်းလေးမျာမှာ ကျောက်ကနုတ်ဖြင့်ထွင်းထုထားသည့်အလား သွယ်ပြောင်းလှပနေသည် ။ သူုမ၏လက်ဖြင့် ကမ်းလှင့်ရင်တောင် မလှမ်းဝံ့စရာပင် ။ အခုတော့..........မြို့စားလေးမှာလဲ မလှမ်းဝံ့သူသာ ဖြစ်နေပြီ။



သူုမ၏နုတ်ခမ်းနှစ်လွှာသည် အရှေ့ဂေါဓန်နှင့် အနောက်ဂေါဓန်သို့ အထွက်အဝင် မှန်ကန်လှသော နေဝန်းအလား ၊ တောင်ထိပ်ပေါ်တွင် မှေးတင်နေသောနေဝန်းသဖွယ် ၊ နီရဲနေသည်မဟုတ် ၊ အနီရောင်မသန်းသော အနီရောင်သာဖြစ်သည် ။ နှုတ်ခမ်းအစုံမှာ ဖုူးငုံစ ကြာပနမ်းသဖွယ် ။ လည်တိုင်မှာလဲ ဒေါင်းတစ်ကောင်၏ လည်တိုင်ကဲ့သို့ ပျော့ပြောင်းလှပနေသည် ။ ခန္ဓာကိုယ်နေရာအနှံ ကို လျှောက်ကြည့်နေမိပြန်သညိ ။ သူမ၏ ပေါင်တံနှင့်ခြေဖျားတစ်လျှောက် ဆင်နှာမောင်းကဲ့သို့ စင်းဖြောင့်နေသည် ။



မြို့စားလေးသည် ဇာပုဝါ ပါးအောက်က သူမ၏ ဖွားဘက်ကို မရဲတရဲ ကြည့်လိုက်မိသည် .။ မသင့်ဟုထင်ကာ မျက်နှာ လွဲလိုက်ပြန်လိုက်သည် ။ ဒါပေမယ့် ...........မရ ။ အသိစိတ်နှင့်မသိစိတ် ။ မသိစိတ်က အားသာနေသည် ။ မျက်စိစုံမိတ် အဲကြိတ်ကာ အသာအယာ ဖွင့်ကြည့်လိုက်မိသည် ။ မြို့စားလေးမှာ မျက်လုံးလေးအဝိုင်းသားနှင့် ပါးစပ်လေး အဟောင်းသား ။ ဟုတ်ပါသည် ........။ သူမ၏ဖွားဘက်တော်မှာ ခွံစိမ်းကြားမှ ပွင့်အာနေသော အနီရောင်နှင်းဆီငုံ ။ သူုမ၏ သားမျက်ဆုံမှာ အပြစ်ကင်းစင်လှသည် ။



အနောက်ဂေါဓန်သို့နေလုံးကြီးကျချိန်..........။ မှောင်ရိပ်ပျိုးချိန်တွင် သုူမအိပ်ရာလန်နိုးလာပြီ ။ လေသာပြတင်းမှရပ်နေသော မြို့စားလေးကို မြင်သောကြောင့် သုူမ၏ ဇာပုဝါး ပါးလေးကို ဆွဲယူကာ ဖုံးဖိနေမိသည် ။ အော်............မင်းနိုးလာပြီလား ။ မကြောက်ပါနဲ့ ကိုကမင်းကို ကယ်တင်ခဲ့သူုပါ ။ ထိုအချိန်တွင် သူုမရှိုက်ကြီးတငင်, ငင် ငိုနေရှာသည် ။ ဒီစံအိမ်ကြီးဟာ မင်းအတွက်လုံခြုံ ပါတယ် ။ သူုမ အငိုရပ်ကာ မြို့စားလေးကို စူးစိုပ်စွာကြည့်နေသည် ။ မင်းကိုယ့်ကို မယုံဘူုးလား ဟင်...........။



မြို့စားလေးက ပေးလိုက်သည် ။ရော့မင်းအတွက် ဝတ်လဲတော် .........၊ ကိုယ်လက်သန့်စင်ပြီး ညစာ စားရအောင်နော် ........။ မြို့စားလေးလက်ညှိုးညွှန်ရာသို့ ဝတ်လဲတော်ယူကာ သူုမကိုယ်လက်သန့်စင်ဘို့်သွားလေသည် ။ လေသာပြတင်းမှ မြို့စားလေး၏ ဆောင်းသံနှင့်သီချင်းသံ ။ စံအိမ်ကြီးတစ်ခုလုံး ပြည့်နက်နေသည် ။ သာယာသော ဆောင်းသံ သီချင်းသံကို သုူမ နားထောင်နေသည် ။ ထိုအချိန်တွင် မြို့စားလေး အနားသို့ တိုးရပ်ကာ အိုအမောင်ရဲ့ဆောင်းနဲ့သီချင်းသံက သာယာလှပါတယ်ကွယ်........။



မဂ္ဂိုလ်ပြည်၏ မြို့စားလေးစံအိမ်ကြီးသည် ဆောင်းသံ ၊သီချင်းသံ တို့ဖြင့် သာယာနေသော်လည်း ၊ အခုတော့ လှပနုနယ်သော မိန်းမပျိုလေးဖြင့် စိူုပြေလှပနေလေပြီ ။ အမောင်ရယ် ထိပ်ထားကို ဆောင်းတီးသင်ပေးပါလားဟင်......။

အော်..........ထိပ်ထားတဲ့လား.........။ နာမည်နှင့်လိုက်အောင်ကို လှပါပေတယ်ကွယ် ။ ကြယ်ဝန်းသော စံအိမ်ကြီးတွင် သူုမနှင့် မြို့စားလေး နှစ်ယောက်တည်းသာ ။ ထိပ်ထား သင်ချင်သပဆိုရင် အမောင်သင်ပေးမှာပေါ့ကွယ် .......။ မဂ္ဂိုလ်ပြည်သည် အရင်ကမြိဲ့စားလေး၏ ဆောင်းသံလေးများဖြင့်သာယာစိုပြေနေသည် ။ အခုတော့ သုူမရောက်ချိန်တွင် ဆောင်းသံတိတ်ဆိတ်လှသည် ။ မြို့သူ ၊ မြို့သားတို့သည် မြိ့စားလေး၏ ဆောင်းသံကြားမှ သူတို့ဘဝ စိုပြေလှပသည် ။



ကြယ်ဝန်းသော စံအိမ်ကြီးထဲတွင် မှိုင်းညှိုအုပ်ဆိုင်းသော သစ်ပင်ကြီးများ အလယ်တွင် ဝေဆာတင့်ဆန်နေသော

ပန်းပင်များ၊ ဟိုဘက် သည်ဘက် ကူုးလူုးဆော့ကစားနေသော ကျေးငှက်နှင့် ရှင့်ငယ်များဖြင့် ကြည်နုူးဖွယ်ကောင်းလှသည် ။ မြို့စားလေး နှင့်သူုမနေထိုင်လာသည်မှာ အတော်ကြာနေပေပြီ ။ ထိပ်ထား........ဟု ။ သူု၏ခေါ်သံ ပြောပါ အမောင် ........။ ထိပ်ထား အမိနှင့်အဖဆီ ပြန်ပို့ပေးရမလား.........ဟင် ။ အို...........မပြန်ဘုူး.......မပြန်ဘုူူး ။ မပို့ပါနဲ့ အမောင်ရယ်နော် .........။ ထိပ်ထားပြန်ရင် မချစ် မနှစ်သက်သူနဲ့ လက်ဆက်ရမှာ အမောင်ရဲ့ ။ သောကမျက်ဝန်းဖြင့် အားကိုးတကြီး ညှိုးငယ်နေသော သူုမ၏မျက်ဝန်းကို မြို့စားလေး နာလည်သည် ။ ပြန်မပို့ပါနဲ့လား ..........အမောင်ရယ်နော်။



သောကမျက်ဝန်းဖြင့် အငိုတစ်ပိုင်းသူုမကို ။ မြို့စားလေးရှေ့တွင် ဒူးလေးထောက်ကာ တောင်းပန်နေရှာသည် ။ မငိုပါနဲ့ထိပ်ထားရယ် ........။ သူမ၏ ပခုံးနှစ်ဖက်ကို အသာမယုူူကာ ထုူပေးနေသည် ။ ဟော့ ဒီစံအိမကြီဟာ ထိပ်ထားသာနေမယ်ဆိုရင်လေ အမောင်ဘဝတစ်ခုလုံးကို ပိုင်ပါတယ်ကွယ် ။ ထိပ်ထား၏ ပါးတစ်ဖက်မှ စီးကျလာသော

မျက်ရည်စတို့ကို သုတ်ပေးရင်း ပွေ့ဖက်ထားလိုက်သည် ။ သူမ၏ ခေါင်းလေးကို မြို့စားလေး ရင်ခွင်ထဲသို့ တိုးဝှေ့ကာနေမိပြန်သည် ။ ထိုနေ့သည် နေလဲသာ ၊ ပန်းပင်များလဲပွင့်၊ ကျေးငှက်တို့လဲ တွန်သံကြူးရစ်ကာ အစစအရာရာ ပြည့်စုံနေသည် ။



စံအိမ်ကြီးသည် ယခင်က ခြောက်သွေ့သယောင်ရှိနေသော်လည်း ၊ အခုတော့ .........မြို့စားလေးနှင့်ထိပ်ထားလေး၏ ဆောင်းသံများကြောင့် ရွှေနန်းဆောင်တမျှ ပျော်မြူးဖွယ်ကောင်းလှသည် ။ ချစ်ခင်စ ချစ်သူနှစ်ဦးအဖို့ ကြည်နူုးဝနိုင် ။ တစ်ယောက်မျက်နှက်တစ်ယောက် ကြည့်ကာ ကြင်နာစကားလေးများဖြင့် ခွန်းတုံဆင့်နေကြသည် ။ စံအိမ်ကြီးတစ်ခုလုံးသည်လဲ ရယ်သံများဖြင့် ပြည့်နက်နေလေသည် ။ ရှေ့တွင်ချထားသော စပျစ်သီများကို ခွန့်ကြွေးနေကြသည် ။ ခဏအတွင်းမှာပင် စံအိမ်ကြီး၏ အိမ်ခန်းတစ်နေရာတွင် ထွန်းညှိုထားသော မီးများ မိတ်ကာချစ် ခရီးနှင်ကြလေပြီ ။



ကြင်စဘဝ ခင်မင်စမို့ ပျော်ကာမညှီုး ချစ်ခရီးဝယ် ..........။ မဂ္ဂိုလ်ပြည်ရှင်၏ အမိန့်တော်စားကြောင့် မြို့စားလေး နယ်စပ်သို့ ခရီးထွက်ရတော့ပေမည် ။ သူမကိုနှုတ်ဆက်ကာ နယ်စပ်သို့ ခရီးထွက်သွားလေပြီ ။ သူမ၏မျက်နှာတွင် အားငယ်ညှိုးငယ်စွာ စံအိမ်ကြီးတွင် သူုမတစ်ယောက်တည်းသာ အထီကျန်စွာ ကျန်ရစ်ခဲ့ပြီ ပဲ ။ နှစ်ရက်အကြာတွင် နယ်စပမှ မြို့စားလေး ညာဉ့်နက်ပိုင်းအချန်တွင် စံအိမ်ကြီ၏ ဆင်ဝင်အောက်တွင် မြင်းခွာသံနှင့်အတူ မြင်းဟီးသံ

ကြားလိုက်သည် ။ သူုမအိပ်ရာကထာကာ အပြေးတစ်ပိုင်းလေး ခရီးဦးကြိုလေသည် ။ သုူမ ပါးစပ်ထွက်ကျလာသော အသံ ။ လွမ်းလိုက်တာမောင်ရယ် ..............။မောင်လဲ ........ထိပ်ထား လိုပါပဲကွယ် ။



မြို့စားလေးသည် နယ်စပ်သို့ ခရီးအမြဲထွက်နေရသည် ။ သုူမရှိချိန်သည် စံအိမ်ကြီးသည် သူုမအဖို့ သူုသေပျစ်ရာ သုသာန်သဖွယ်ဖြစ်နေတော့သည် ။ တစ်ရက်နှစ်ရက်အကြာတွင် မြို့စားလေး ပြန်ရောက်လာသည် ။ တစ်ညအိပ်ကာ နံက်မိုးလင်းတာနဲ့ ခရီးထွက်ရ ပြန်သည် ။ထိုရက် ၊အချိန်များနှင့်ကာလများသည ် သုူမအတွက် ပျင်းရိညှီုးငွေ့ဖွယ်ကောင်းလှသည် ။ ညတိုင်းလဲ ဆောင်းကို အဖော်လုပ်ကာ အပျင်းဖြေနေရသည် ။ ထိုအချန်တွင် ဆောင်းသည် သူမဘဝ ၊ သူမအချစ် ဖြစ်သည် ။



နေ့တစ်နေ့၏ နေဝန်းသည် အနောက်ဂေါဓန်ဘက်ဆီသို့ တဖြေးဖြေး နိပ့်ဆင်းသွားသည် ။ ညနေဆည်းဆာလဲ ဖြစ်သည် ။ သူုမသည် ပျင်းရိလှ၍ စံအိမ်ကြီး၏ အပြင်ဘက် ၊ ခြံဝင်းကြီးထဲတွင် သူုမ ဆောင်းကိုပိုက်ကာ နူုးညံလတ်ဆတ်သော လေးညှုင်းတို့ကို ရှုရှိုက်ဘို့် လမ်းလျှောက်ဆင်းလေသည် ။ ခြံဝင်းကြီး၏ အလယ်တစ်နေရာတွင် ပန် းပင်များ ဝန်းရံထားသော ချရားပင်ကြီး ။ ချရားပင်ကြီးသည ် အုပ်ဆိုင်းကာအရိပ်ကောင်းလှသည် ။ ထိုနေရာသည် ငြိမ်သက်တိတ်ဆိတ်ကာ ငြိမ်းချမ်းလှသည် ။ ချရားပင်ကိုမှီကာ သုူမ၏သွယ်လျှ လှပသော လက်ချောင်းလေးများသည် ဆောင်းကြိုးများပေါ်တွင် သာယာစွာ လိုက်လံကစားပေးနေသည် ။ သုူမ၏ စိတ်ထဲတွင်လဲ မြို့စားလေး ရော်ယန်းမှန်းဆ လွမ်းတသသ တမ်းတနေမိပြန်သည် ။ အတွေးနယ်လွန်ကာ ခဏအတွင်းမှာ သူမအိပ်ပျော်သွားလေသည် ။



နေဝင်စပြုချိန် ၊ မှောင်ရိပ်ပျိုးချိန် ဖြစ်သည် ။ တစ်စုံတစ်ရာသောခြေသံကြောင့် သူုမလန့်နိုူးလာသည် ။ သူုမ ထိတ်လန့်သောအသံဖြင့် .....၊။ ဟဲ့ ...ဟဲ့ ..........မင်းဘယ်သူုလဲ ။မှန်ပါ ကျွန်တော်မျိုးသည် စံအိမ်ကြီးရဲ့ မြက်ရိတ်သမား မောင်ကံပါ သခင်မ ။ အို........အသံမပေးပဲ လာရဲသလား မြက်ရိတ်သမား ။ မောင်ကြီးသာသိရင် မမြက်တော်ရှုတော့ မပေါ့ကွယ် ။ စိုးရွန့်လှပါတယ် သခင်မ ။ သို့သော် သာယာလှသော ဆောင်းသံကြောင့် ပါ သခင်မ ။ ဆောင်းသံကြောင့်တော့ မဟုတ်နုူိင်ပါဘုူး မြက်ရိတ်သမားအမောင် ။ ဆောင်းသံကို နားထောင်ချင်လွန်း၍ ရောက်လာချင်းပါသခင်မ ။ နောက်တော့ ...........နောက်တော့ဘာလဲ ။ ပြောလေ..........။ မပြောဝံ့ကြောင်းပါ .......။

ဆောင်းသံပိုရှင်ကိုလဲ ကြည့်ချင်လို့ပါ သခင်မ ။



သခင်မ၏ ဆောင်းသံကိုသာ ကြားရပါက သခင်မ ခိုင်းသမျှကို လုပ်ရဲ့ပါတယ် သခင်မ ။ အမှန်လား မြက်ရိတ်သမား ။ အမှန်ပါ သခင်မ ။ ဒါဆို သခင်ခိုင်းသမျှကို လုပ်နိုင်တယ်ဆိုပါတော့ ။ လုပ်နိူ်င်ကြောင်းပါ ။ အမှန်မတိုင် လျှောက်တင်ရရင် ဆောင်းသံထက် သခင်မကို မြတ်နိုးမိုကြောင်းပါ ။ အမှန်လားကွယ် .....။ မလိမ်ဝံ့ပါသခင်မ ။ အမှောင်ရိပ်သည် အသိစိတ်တို့ကို ဖုံးကွယ်ရစ်လေပြီ ။



ထိပ်ထား၏စိတ်တွင် မောင်ကံ၏ ကိုယ်ကာယနှင့်ှုလွန်အားတို့ကိုစံမက်မိနေပြီ ။အမှောင်ရိပ်၏ချရားပင်အောင်တွင် မသိစိတ်တို့ရောထွေးနေကုန်ပြီ ။ ကောင်းပြီ မောင်ကံ မင်းကိုသခင်မ ဆောင်းတစ်ပုဒ်တီးပြမယ် ဆောင်းသံတိတ်ရင် သခင်မစေရာကို လုပ်နိူင်ပါစေကွယ် ။ အသင့်ပါသခင်မ ။ ဆောင်းသံသည် အမှောင်ရိပ်နှင့်အတုူ သာယာပါသည် ။ ခဏအကြာတွင် ဆောင်းသံသည် တိတ်ဆိတ်သွားသည် ။ ထိုအခိုက် မောင်ကံ သခင်မက သူမ၏လေးကို လမ်းပေးလိုက်သည် ။ သို့သော် .........မကမ်းဝံ့သခင်မ ။ ဟယ် .........ငမိုက်သား ။ မင်းဂတိပျက်ပြီလားဟင် ။ မှန်ပါသခင်မ .........။ ခြေဖဝါးလေးသာ ကမ်းချင်ပါသည် ။ နမ်းချင်ပါသည် ။ မောင်ကံသည် ထိပ်ထားအနားသို့ ကပ်ကာ ခြေဖဝါးနူနူလေးကို သာယာစွာဖြင့် စုံမက်စွာ .........။ မောင်ကံ၏ အထိအတွေ့ကြောင့် ထိပ်ထား တစ်ကိုယ်လုံး မောင်ကံ ရင်ခွင်ထက်သို့ ပျော့ခွေကာ ထိုးကျသွားသည် ။



ထိုအချိန်တွင် ထိပ်ထား၏ပါးစပ်တွင် အမောင်ရယ် အမောင်ကို သိပ်ချစ်တာပဲကွယ် ။ သူမ၏လက်များမှာလဲ မောင်ကံကို တွယ်ကပ်နေလေသည် ။ ကျျွန်တော်မျိုူးလဲ သခင်မလိုပါပဲ ။ ဒါဆို.........သခင်မကို အိပ်ခန်းဆီပို့ပေးပါလားကွယ် ။ မသင့်ကြောင်းပါ သခင်မ ။ သင့်ဂတိကိုမေ့နေပြီလား မောင်ကံ ။ မောင်ကံမှာ မပြောသာတော့ပါ ။ မောင်ကံသည် သူ၏ဂတိအတိုင်း စံအိမ်းကြီး၏ အိပ်ခန်းဆီသို့ ထိပ်ထားလေးကို ပွေ့ကာ သေလ္လာညောင်စောင်းပေါ်သို့ သာယာစွာ တင်ပေးလိုက်သည် ။ ပြီလျှင် မောင်ကံလှည့်ထွက်လာသည် ။ ဟဲ့......မောင်ကံငါအကျ ႌိကို ဖြုတ်ပေးပါအုံးကွယ် ။ မလုပ်ဝံ့ပါ .......အရှင် ။ သခင်ကျေးဇုူးကို စော်ကားရာကျမပေါ့ သခင် ။ အော် ..........မောင်ကံရယ် ။အခိုလိုသခင်ခိုင်းတာကို မလုပ်တာမှ စော်ကားရာကျတာကွယ.် ။မှောင်မဲနေသော စံအိမ်ကြီးထဲတွင် ထိပ်ထားနှင့်မောင်ကံတို့ မှားယွင်းနေကြပြီ ။



ထိုညမှာပင် မြို့စားလေးသည် နယ်စပ်မှပြန်ရောက်လာသည် ။ ခါတိုူင်းပြန်လာလျှင် ထိပ်ထား လာကြိုသည် ။ ဒီနေ့လာမကြိုပါလား ။ ထိပ်ထား နေမကောင်းလေသလားဟု အတွေးဖြင့် အိပ်ခန်းဆီသို့ အပြေးလေးဝင်သွားလေသည် ။ အိပ်ရာထက်တွင် ကာမ၏အဆိပ်ငွေ့တွေကြောင့် ပင်ပန်းကြီးစွာ အိပ်စက်နေသောထိပ်ထား ။ အိပ်ရာများလဲ တွန့်ကြေနေသည် ။ ဘေးနားမှာလဲ မြက်ပင်စတစ်စကို တွေ့ရသည် ။မြို့စားလေး၏ ရင်ထဲတွင် ဝမ်းနည်းသလို ခံစားလို့ရသည် ။ သူသိပ်ချစ်သောထိပ်ထား သူုကိုသစ္စာ မဲ့လေပြီ ။ သို့သော်........သံသယအတွေးများသာဖြစ်သည် ။



နံက်မိုးလင်းချိန်တွင် အိပ်ခန်းရှေ့တွင်တင်ထားသောစားစရာ အချို့ကို ထိပ်ထား အိပ်ရာက ထထချင်းတွေ့လိုက်သည် ။ ညက ကာမအဆိပ်ကြောင့်သူုမ ပင်ပန်းကြီးစွာ အိပ်နေချင်းကြောင့် နေမြင့်မှထသည် ။ လေသာပြတင်းမှရပ်နေသော မြို့စားလေးကို မြင်သောအခါ မာယာရှင်ကြီးက မာယာများဖြင့်လှည့်စားရန်ကြိုးလေသည် ။ ညက ပင်ပန်းသွားလို့ မောင်ပြန်လာတာကို မသိလို့ဘုူးကွား ။ ထိုအချိန်တွင် မောင်သွားတော့မယ် ထိပ်ထား ။ ဘယ်ကိုလဲ မောင် ။ နယ်စပ်ချစ်ကြည်ရေးကိုလေ ။ သူမ မျက်နှာကို လှည့်မကြည့်ဘဲ လှည်ထွက်သွားသည် ။



နောက်ညများတွင်လဲ မာယာရှင်ကြီးမောင်ကံနှင့် ကာမရမက်ပျော်တော်ဆက်နေလေသည် ။ ထိုနေ့ညသည် လမိုက်ညဖြစ်သည် ။ မြို့စားလေး နယ်စပ်မှပြန်ရောက်အလာ ။ မယာရှင်ကြီး ကာမဂယှက် ဝဲနွန့်ထက်တွင် အိပ်စက်နေသည် ။ စံအိမ်ကြီး၏ သလ္လာညောင်စောင်းထင်တွင် ဝတ်လစ်စလစ်အိပ်နေသော မယာရှင်ထိပ်ထား ။ သူမ၏ဘေးမှာလဲ ။ မောင်ကံ၏ လက်သုံးတော် မြက်ရိပ်တံဇင်ပါလား ။ မြို့စားလေး၏ ရင်ထဲတွင် ဟာခနဲ တုံလှုပ်သံ ။ ချစ်တတ်သုူ၏ရင်တွင်းဝယ် နာကျဉ်းမှု ဆူးများနှစ်ဝင်သွားသည် ။ ထိပ်ထားရယ် စိမ်းရက်အားရက်တယ်ကွယ် ။



နံက်မိုးသောက်အလင်းရောက် ချိန်တွင် စံအိမ်ကြီး၏ အရှေ့တောင်ဘက်ရှိ ပန်းခြံကြီးတစ်နေရာတွင် ခုံဝိုင်းလေးပေါ်တွင် တွေဝေစွာ ငေးမောနေသည် ။ ထိုအခိုက်တွင် ဆံပင်ကို ဖာယားချကာ မြို့စားလေး အနီးရှိရာသို့ သစ်သီးများ ထောပတ်နှင့်ပျားရည်များသယ်ဆောင်လာသည် ။ ပြန်ရောက်လာတာကြာပြီလားမောင် ။ ကနွဲ့ကရနဲ့ မာယာရှင်ထိပ်ထား၏အသံ ။ ထိုအသံကို မြို့စားလေး ကြောင်ဲရွန့်နေမိသည် ။ အားရှိအောင် စားလိုက်ပါလားမောင် ။ အဆိပ်တွေလဲ လေ ။ မောင် ဘာတွေပြောနေတာလဲ မောင် ။ ဟို မှာ ကြည့်စမ်း ထိပ်ထား ။ ဘာလဲမောင် ။ရှင့်လေးတွေလေ သူတို့က မောင်အပေါ်ကို သစ္စာရှိကြတယ်လေ ။ အော် ..........မောင်ရယ်ဘာတွေပြောနေတာလဲဟင် ။ သူမလက်ထဲမှ စားစရာများကို မြို့စားလေး ရိုက်ချလိုက်သည် ။



မောင်ရယ် .........။အိုကွာ .........တော်ပါတော့ ထိပ်ထားရယ် မောင်ကိုဘာမှမပြောပါတော့နဲ့နော် ။ ခဏအကြာမှာတော့ ရှင့်ငယ်လေးသည် ပျားရည်ကိုသောက်မိကာ ကျောဆန်ကာသေနေလေသည် ။ အော်.........ထိပ်ထား. ထိပ်ထား အခုတော့ ကိုယ့်ကို သစ္စာပျက်ရုံမက ကိုယ့်အသက်ကိုပါသတ်တော့မယ်ပေါ့ ။ သူစိတ်တွင်တွေးရင်း မောင်ကံရှိရာသို့လျှောက်လာနေသည် ။ ဟဲ့ ........မောင်ကံ ။ မှန်ပါအရှင် ......။ ဘာဖြစ်တာလဲကွယ့် ။ မဖြစ် . မဖြစ်ပါဘူး အရှင် ။အော်.........အော် မဖြစ်ဘုူးသာဆိုတယ် လက်တွေလဲတုံလို့ပါလား ။ မောင်ကံကြောက်နေသည် ။သုူ၏မပြစ်အတွက်.........၊။ ကြည့်စမ်းပါအုံး ပန်းပင်တွေလဲရှုပ်လို့ပါလား ။မောင်ကံ လှည့်အကြည့် မြို့စားလေး လက်မှပါလာသော မောင်ကွ၏လက်သုံူးတော်တံဇင်ဖြင့် ။ မောင်ကံကို၏လည်တိုင်ကို ခုတ်ပိုင်းလိုက်သည် ။ မြို့စားလေးလက်မှာလဲ သွေးများဖြင့်လိမ်းကျံနေသည် ။ မောင်ကံ၏နှလုံးကို ထုပ်ကာ စံအိမ်းကြီးရှိရာသို့ ထွက်သွားလေသည် ။ ဟားတိုက်ရယ်သံ ..........။ ဟား..........ဟား သစ္စာမဲ့သူ ။ သစ္စာမဲ့သူ......။



စံအိမ်ကြီး၏ အိပ်ခန်းပေါ်တွင် ငိုနေသော မာယာရှင်ကြီးထိပ်ထား ။ရုတ်တရက်ကြားရသောခြေသံကြောင့် သူမလှည့်ကြည့်လိုက်သည် ။ မြို့စားလေး လက်ထဲမှာလဲသွေးများဖြင့်လိမ်းကျံနေသော မောင်ကံ နှလုံး။ နောက်တံဇင် ..။ မောင်. မောင် .....။ဟုတ်တယ်ထိပ်ထား ထိပ်ထားရဲ့ သစ္စာခံကြီး မောင်ကံလေ ။ မြို့စားလေး လက်မှတံဇင်ဖြင့်ထိပ်ထား မျက်နှာကို ခုတ်ပိုင်းလိုက်သည် ။ သွေးများဖြာထွက်ကာ အိပ်ရာပေါ်တွင် သွေးများလိမ်းများလိမ်းကျံနေလေသည် ။ ထို့နောက် ထိပ်ထားမျက်နှာကု ိ တံဇင်ဖြင့်မွန်းလိုက်သည် ။ ယခင်က လှပသောထိပ်ထား မျက်နှာမှာ ထိပ်ထားမဟုတ်တော့ ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပေပြီ ။



ထိုဖြစ်ရပ်ကြောင့် စံအိမ်ကြီးသည် ထိန့်လန့်ကြောက်မက်ဖွယ်ဖြစ်လာသည် ။ ယခင်က ကြည်နူးစရာ ။အခုတော့ .........။နာကျဉ်းဝမ်းနည်းမှုတွေသာကျန်ရစ်နေခဲ့သည် ။ မြို့စားလေး နောက်သို့ရဲမက်တွေ လိုက်လံဖမ်းဆီးနေသည် ။ သွေးရူးသွေးတန် ခြေဦးတည့်ရာသို့ပြေးနေသည် ။ ယခင်က သူုရောက်ခဲ့သော တောတောင်သည် စိုပြေနေသည် ။ အခုတော့ ခြောင်သွေ့နေသည် ။ စမ်းချောင်းလေးမှာ မအေးမြတော့ ။ သစ်ပင်အိုကြီးမှာလဲ မရှိတော့ ။ အရာအားလုံးသည် ပြောင်းလဲနေသည် ။အရင်က ဆောင်းတီးသော လက် ။ အခုတော့ ...........။အရူးတစ်ယောက်သာ ဖြစ်နေတော့၏ ။

ဟား.........ဟာ.................ဟာ................သစၥာပ်ပ္ခဲံ့သူ...............သစၥာမဲ့ခဲ့သူ.................။



(ၿပီးပါၿပီ)