မိုးတွေစွေနေပြီ

သူတစ်ယောက်တည်း ကော်ဖီတစ်ခွက်နဲ့ ငြိမ်သက်စွာ ထိုင်နေသည်။ ဆိုင်ထဲမှာလည်း လပ်တော့ပ်ကိုယ်စီနှင့် အသံတိတ် စကားပြောဆိုနေကြသော နိုင်ငံခြားသား သုံးဦးမှအပ တစ်ဆိုင်လုံးတွင် သီချင်းသံသဲ့သဲ့လေးသာ လွင့်ပျံနေရာ စားပွဲထိုးလေးများကလည်း အလိုက်သိစွာ ဆိတ်ငြိမ်နေကြသည်။ သူ့ရှေ့မှ အပြင်ဘက်မြင်ကွင်းကို မှန်သားပြင်ကြီးမှတစ်ဆင့် အရာအားလုံး မိုးစက်များနှင့် ရောထွေးစွာ မြင်နေရသည်။ ဓမ္မစေတီလမ်း၏ ထုံးစံအတိုင်း ကားများက အမြဲတမ်း စီတန်းလျက်ရှိရာ ရုတ်တရက်ရွာချလိုက်သော မိုးကြောင့်လေလားမသိ ကားတန်းကြီးက လှုပ်လှုပ် လှုပ်လှုပ်တောင် မရွေ့တော့ချေ။ ဖြည်းဖြည်းချင်းရွေ့နေရာမှ ရပ်တန့်သွားသော ကားများအနက် အငှားကားတစ်စီးကို သူမြင်လိုက်ရချိန်တွင် မြင်ကွင်းက ပိုမို၍မှုန်ဝါးသွားပြီး စိတ်အလျဉ်က အတိတ်နှင့် လက်ရှိအချိန်ကို လူးလားခေါက်တုံ့လျက်ရှိနေချေတော့၏။ (ခ)



ထိုနေ့က ရန်ကုန်တစ်မြို့လုံး အမှောင်ဖုံးမတတ် မိုးကြီးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ ထီးဆောင်း၍ ရှေ့ဆက်သွားလည်း တစ်ကိုယ်လုံး ရွှဲရွှဲစိုတော့မှာ ကြိုသိသဖြင့် ဗိုလ်ချုပ်လမ်းမပေါ်က အလတ်စားအရွယ် ဟိုတယ်အောက်တွင် အများသူငါနည်းတူ ထီးလေးပိတ်ခါ ကုပ်ကုပ်လေး မိုးခိုနေမိသည်။ ငါးမိနစ်..ဆယ်မိနစ်..နှစ်ဆယ့်ငါးမိနစ်… နာရီက အချိန်တွေက ရှေ့သို့သာ တိုးပြီးရင်းတိုးလာသော်လည်း မိုးက သည်းထန်နေဆဲ..။ ဒီအတိုင်းဆိုလျှင် မဖြစ်ချေတော့..။ တက္ကစီငှားရန် ဆုံးဖြတ်လိုက်ပြီး လမ်းမပေါ်သို့ဆင်းကာ ဘယ်ဘက် အကျဆုံး ယာဉ်ကြောဘက်သို့ ဖြတ်ကူးလိုက်သည်။ ထို့နောက် မီးပွိုင့်တွင် ရပ်ထားသော ကားများအနက်မှ တက္ကစီတစ်စီး အနားသို့ သူ ကပ်ရပ်လိုက်လေသည်။ ထို့နောက် ထုံးစံအတိုင်း “အကို ကားအားလား ??…” “ဘယ်သွားမလို့လဲ…” “………………………..” “………………………..” “………………………..” ကားလေးက မီးပွိုင့်စိမ်းသည်နှင့် အလံပြဘုရားလမ်းအတိုင်း အတိုင်း မောင်းထွက်လာပြီး တိရစ္ဆာန်ရုံရှေ့မှဖြတ်ကာ အထက်ပန်းဆိုးတန်းလမ်းသို့အရောက် နာမည်ကြီးကောလိပ်ရှိသော တာဝါအနီးတွင် မိန်းကလေးတစ်ယောက် လက်ပြကားငှားနေသဖြင့် ကားဆရာက နောက်သို့လှည့်ကာ “ညီလေး လူထပ်တင်လို့ရမလား…မိုးတွေရွာနေတာဆိုတော့ သူလည်း ကြာကြာရပ်နေရရင် မကောင်းဘူးလေ” သူ ဘာမှ မပြော…ခေါင်းညိတ်ပြလိုက်သည်။



ကားဆရာလည်း ပြုံးဖြီးဖြီးနှင့် ရှေ့သို့ပြန်လှည့်ကာ သူမ အနီးတွင် ကပ်ရပ်လိုက်သည်။ ကားဆရာက ဘယ်သွားမလဲ ဘာညာမေးတော့ အနောက်ခန်းမှ သူ့ကို မြင်သွားပြီး “ဂျွန်မ ကာ မငှာတော့ဘူး ဂျေးဇူးတင်ပါ့ဒယ်” “သြော် ရပါတယ် ဒီလူက ဖိုးစိန်လမ်းမှာဆင်းမှာ” သူမက လိုက်ချင်စိတ်ရှိပုံ မရ။ သို့သော်လည်း မိုးသည်းထဲတွင် ရပ်နေရသောကြောင့် ထီးဆောင်းထားသော်လည်း ပုခုံးနှစ်ဖက်မှာ မိုးရေတို့ဖြင့် စိုရွှဲလျက်ရှိသည်။ သူမသည် ဆုံးဖြတ်ရခက်ဟန်ဖြင့် ကားတံခါးဖွင့်ကာ နောက်ခန်းထဲတွင် ဝင်ထိုင်လိုက်လေတော့သည်။ သူလည်း သူမ သက်တောင့်သက်သာ ဖြစ်စေရန် ကား၏တစ်ဖက်ခြမ်းသို့ ပိုမိုတိုးကပ်ပေးလိုက်လေသည်။ သူမကတော့ ဂရုစိုက်ပုံတောင်မရ။ ကားတစ်စီးထဲတွင် တစိမ်းယောက်ျားတစ်ယောက်နှင့် အတူတွဲစီးနေရသဖြင့် စိတ်ရှုပ်နေသလား မပြောတတ်ချေ။ မျက်နှာလေးက ချစ်ဖို့ကောင်းသလောက် သုံမှုန်နေ၏။ ဤသို့ဖြင့် ကားက သိမ်ဖြူကွင်း အနားသို့ရောက်သောအခါ လမ်းပိတ်နေတာနှင့်ကြုံတော့သည်။ သူလည်း ကားပြူတင်းမှ တစ်ဆင့် ဟိုသည်ငေးမောနေရာမှ နှာချေသံ မွမွလေး နှစ်ချက် ကြားလိုက်ရသဖြင့် ဘေးကို လှည့်ကြည့်လိုက်ရာ ဗမာစကား မပီသော ကောင်မလေး နှာသီးဖျားရဲရဲလေးဖြင့် သူ့ကို ရှက်ဝဲဝဲလှမ်းကြည့်သည်နှင့် အကြည့်ချင်းဆုံသည်။ သူ ဒီဘက်သို့ ပြန်လှည့်ချိန်မှာပင် နောက်ထပ်ဆက်တိုက် နှာချေသံကို ကြားရသဖြင့် ပြန်လှည့်ကြည့်လိုက်တော့ အားနာဟန်ဖြင့် ဆောရီးဟု တောင်းပန်ရှာသည်။ မိုးစိုသည့်အခံနှင့် ကားအဲကွန်းအရှိန်ဖြင့် ပေါင်းကာ အအေးမိခြင်း ဖြစ်မည်။



ကားလမ်းကျပ်သည့်ပုံနှင့် ဒီအတိုင်းဆို ကောင်မလေး ကားပေါ်မှာပင် ဖျားမည့်ကိန်းရှိသဖြင့် သူ လွယ်အိတ်ထဲမှာ အမြဲဆောင်ထားတတ်သော cold tablet ဆေးကဒ်လေးကို ထုတ်ပေးလိုက်သည်။ ကောင်မလေးက နားမလည်ဟန်ဖြင့် လှမ်းကြည့်တော့ “လမ်းက အကြာကြီးပိတ်ဦးမှာ ကားပေါ်မှာတင် ဖျားမှာစိုးလို့..” သူမ အခြေအနေကို သူမကိုယ်တိုင် သဘောပေါက်ပုံရသည်။ ဆေးကဒ်လေးကို လှမ်းယူလိုက်သည်။ ထိုအခါမှ သူ့လွယ်အိတ်ထဲက ရေဘူးကို ထပ်ထုတ်ပေးလိုက်သည်။ “ဂျေးဇူးတင်ပါ့ဒယ်” “ဂျွန်မ နာမီ ယုမိစံလို့ ခေါ်ပါဒယ်” ထို့နောက် ကားပေါ်တွင် သူမနှင့် သူ စကားစမြည်ပြောဖြစ်ကြသည်။ နောက် နာရီဝက်ခန့်အကြာ သူ ဖိုးစိန်လမ်းပေါ်မှာ ဆင်းတော့ ယုမိစံက လက်လှမ်းပြသည်။ သူ့လက်ထဲတွင်တော့ သူမ နာမည်ပါသော လိပ်စာကဒ်လေးတစ်ခု….။ (ဂ) ယုမိစံနှင့်သူ ခင်မင်မှုက ဒီလောက်နှင့်ပြီးသွားမည် ထင်ခဲ့သော်လည်း အခြေအနေက ထိုနေရာတွင်ပင် မရပ်တန့်သွားခဲ့ချေ။ အဖွဲ့အစည်းတစ်ခုမှ ကျင်းပသော အခမ်းအနား တစ်ခုတွင် သူမနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ဆုံတွေ့ခဲ့ရသည်။ စတွေ့တွေ့ချင်း သူမက ဝမ်းသာဟန်ဖြင့် “hello, i think we’ve met before, aren’t we..?” သူက ယုမိစံ. ဟု နာမည်ရွတ်ပြလိုက်တော့ ကလေးတစ်ယောက်လို ဝမ်းသာဟန်ဖြင့် ခေါင်းညိတ်ပြကာ အရမ်းတော်တာဘဲဟု ချီးကျူးသည်။



ထို့နောက် အခမ်းအနားကျင်းပချိန် တစ်လျှောက်လုံး ယုမိနှင့် သူ တပူးတတွဲတွဲဖြင့် ပြောစရာ စကားများ မဆုံးတော့ချေ။ အားလုံးပြီးဆုံးချိန်ရောက်တော့ ည ဆယ်နာရီကျော်ပြီဖြစ်သည်။ အိမ်ပြန်ရန် လမ်းမသင့်သော်လည်း အဖော်အဖြစ် လိုက်ပေးနိုင်မလား အကူအညီတောင်းသဖြင့် ယုမိစံနှင့် သူ အတူတူ ကားငှားပြန်ခဲ့ကြသည်။ သူက ရှေ့ခန်းမှာ သွားထိုင်မည်ပြုတော့ ယုမိစံက နောက်ခန်းမှာ အတူလာထိုင်လည်း ရပါတယ် ပြောသဖြင့် ရှေ့ခန်းသို့ သွားမထိုင်ဖြစ်တော့…။ ဒီတခါတော့ သိပ်စကား မဆိုဖြစ်ကြ…။ သူမက ဖုန်းဖြင့် ဖေ့စ်ဘုတ်ကြည့်နေသည်။ ကားပေါ်က ဆင်းသည့်အချိန်တွင် သူမ ခေါင်းလေးငုံ့ထားသည်။ ဘာစကားမှ မဆိုဘဲ နှစ်ယောက်သား ခြေစုံရပ်နေရင်း အတန်ကြာတော့မှ “နေလင်းစံ အိမ်ရောက်ရင် ဖုန်းဆက်ပါ….ယုမိ စိတ်ပူပါဒယ်” ထိုမျှသာပြောပြီး ခြံအတွင်းသို့ ဝင်သွားသည်။ သူလည်း လမ်းမဘက်သို့ ပြန်ထွက်လာခဲ့ရင်း အိမ်သို့ မြန်မြန်ပြန်ရောက်ရန် ဆုတောင်းနေမိသည်။ “hello..” “ကျနော် နေလင်းပါ…အိမ်ပြန်ရောက်ပါပြီ..” “နေလင်းစံ…ယုမိ စိတ် ပူနေဒါ….” “………………………..” “………………………..” “………………………..” ထို့နောက် သိပ်မကြာသော အချိန်တစ်ခုကို ကျော်ဖြတ်ပြီးချိန်တွင် ယုမိနှင့် သူ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ချစ်သူသက်တမ်း တစ်လျှောက်လုံး ယုမိသည် သူ့အပေါ် ဂရုစိုက်သလို သူကလည်း ကြင်နာမှုတွေကို ယုမိ တစ်ယောက်တည်း အပေါ် စုပုံပေးထားခဲ့သည်။



ထို့အပြင် ယုမိသည် သူနှင့် အတူတူ ချစ်ပွဲဝင်ရာတွင်လည်း သူတောင်းဆိုသမျှကို အစွမ်းကုန် လိုက်လျောပေးသလို သူကလည်း ယုမိ အတွက် အကောင်းဆုံးချစ်ပြခဲ့သည်။ “အား….ကို ” “ဖွတ်..ဖတ်..ဖတ်..ဖတ်..” “အင့်..ဟင့်…ဟင့်…ကို..” “ကောင်းလား…” “အင်း…” “ဖွတ်..ဖတ်..ဖတ်..ဖတ်..” “…………..” “……………” “လေးဘက်ထောက်ပေးပါလား ယုမိ..” “ဘာကိုပြောတာလဲ…” “i mean.. uh..doggie style” “of course..” “ကျွတ်စ်..လှလိုက်တဲ့အိုးကွာ” “ဘယ်နားက အိုးကိုပြောတာလဲ ကိုကို” “hahahaha” “what so funny ? ” “hahahaha” “ကိုကို..” “ဒီလို ဒီလို..” “…………..” “……………” “ကို..” “ပြော..အချစ်လေး” “ကိုကို ဒီနေ့ အရမ်းချောတယ်” “ဟုတ်လို့လား…” “ဟုတ်တယ်..ကိုကို” “အရမ်းချစ်တာဘဲ ယုမိရယ်..” “ယုမိလည်း ကိုကို့ကို ချစ်တယ်..” “သိပ်စကားတတ်တာဘဲ…” “ခိခိ..” “ကိုကို..” “ပေါက်စီကျွေးမယ် စားမလား” “အင်း အချစ်ကလေး ပေါက်စီလား” “ခိခိ..ဟုတ်တယ်” “စားမယ်လေ..” “ဒါဆို လိုက်ခဲ့..” “…………..” “……………” (ဃ) ချစ်သူ သက်တမ်း တစ်နှစ်မပြည့်မီ အချိန်မှာပင် ယုမိ နေရပ်ထံမှ သတင်းတစ်ခုရောက်လာသည်။ အိမ်ကို အမြန် ပြန်လာခဲ့ပါ ဟူ၍..။



ထိုအကြောင်း သူ့ကို ပြောပြချိန်တွင် ယုမိ မျက်ဝန်းထဲမှာ ဝမ်းနည်းမှု အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ လေဆိပ်ကို သူလိုက်ပို့တော့ ယုမိက သူ့ကို ဖက်ကာ တိုးတိုးလေး ပြောသွားသည်ကို အခုတိုင် ကြားယောင်နေဆဲ..။ “မိုးတွေစွေနေတဲ့ အချိန် ယုမိ ပြန်လာခဲ့ပါ့မယ် ကိုကို..” သူမကို အားပေးသည့် အနေဖြင့် လက်ကလေးကို တင်းတင်းဆုပ်ကိုင်ကာ ပါးပြင်ကို အနမ်းတစ်ချက်ပေးလိုက်သည်။ ယုမိကလည်း သူ့နှလုံးသားနေရာကို တစ်ချက်နမ်းလိုက်ရာ ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားပြီး သူမ၏ အချစ်တွေက တစ်ကိုယ်လုံးကို စီးဆင်းသွားသလို ခံစားရသည်။



“i love you, nay lin san” “i trust and love you, too…yu mi..” ယုမိ က အမှတ်တရဟုဆိုကာ လေဆိပ်တွင် ရိုက်သွားသော နှစ်ယောက်တွဲပုံကို ဖုန်းထဲ ကွန်ပျူတာထဲထည့်ကာ သူ သတိရတိုင်း ထုတ်ကြည့်ဖြစ်သည်။ အွန်လိုင်းတွင် skype နှင့် ပြောဖြစ်သော်လည်း အလွမ်းမပြေပါ။ အခုဆို နွေရာသီကုန်လို့ မိုးတွေတောင် ပြန်ရွာနေပြီဖြစ်သည်။ ယုမိနှင့် သူ အကြား အဆက်အသွယ် မပြတ်သော်လည်း အနားမှာ ရှိသည့်အခိုက် အတူတူကုန်ဆုံးခဲ့သည့် အချိန်တွေကို သတိရနေသည်။ မိုးစက်များနှင့် ရောထွေးစွာ မြင်နေရသော မြင်ကွင်းများကို ကော်ဖီဆိုင်အတွင်းမှ ငေးကြည့်ရင်း… ဘယ်တော့များမှ ပြန်လာမှာပါလိမ့် သြော် မိုးတွေတောင် စွေနေပြီ ယုမိစံ….။