နန်းက နယ်ကနေ ***မြို့မှာ နည်းပညာတက္ကသိုလ် လာတက်တာပါ တက္ကသိုလ်နဲ့မနီးမဝေးမှာ အဆောင်နေတယ်။ မိန်းကလေးသီးသန့် အဆောင်ဆိုပါတော့ နန်းနဲ့အတူနေရတဲ့သူက မိုးမိုးတဲ့ သူနဲ့နန်းက တနေ့တည်း အဆောင်ကို အတူတူရောက်ခဲ့ကြတာ အဆောင်မှာ ထမင်းဟင်းချက်ခွင့်မပေးဘူး မီးပူထိုးရေနွေးတည် လောက်ပဲရတယ် ထမင်းဟင်းတွေကို အပြင်ဆိုင်ကဝယ်စားကြရတယ်။ နန်းတို့လဲ ရောက်တဲ့နေ့ခင်းက ပစ္စည်းတွေချနေရတာဆိုတော့ နေဖို့အဆင်သင့် ပြင်ပီးချိန်မှာ ညနေငါးနာရီထိုးနေပြီ။ ဒါနဲ့အပြင်ထွက်ဝယ်ကြရတယ် ဗိုက်တွေလဲဆာနေကြပီ
အိမ်ကထည့်ပေးလိုက်တဲ့ ဟင်းတွေလဲရှိသေးတော့ အသီးအနှံကြော် နှစ်ပွဲနဲ့ ထမင်းဝယ်လာတယ် အဆောင်က ညရနာရီပိတ်တာဆိုတော့ အဲဒီ့အမှီပြန်လာရတာပေါ့ စားသောက်ရင်းနဲ့မှ မိုးမ်ိုးနဲ့မိတ်ဆက်ရပါတယ်။ နှစ်ယောက်သား စကားကောင်းနေလိုက်တာ ညဆယ်နာရီထိုးမှ အိပ်ဖို့သတိရကြတယ်။ အိပ်ခါနီး ခြေလက်ဆေးဖို့ရော အပေါ့အပါးသွားဖို့ အိမ်သာဘက် ထွက်လာကြတယ်။ အိမ်သာတွေနဲ့ ရေချိုးခန်းတွေနဲ့က ရှေ့နောက်ကပ်လျက်ရှိတာပါ သွားဖို့ထွက်လာမှ မိုးမိုးအိမ်ကဖုန်းလာလို့ သူတယောက်ထဲထွက်လာခဲ့တယ်။
တဆောင်လုံး မီးတွေလင်းနေတာ လူသံတွေဆူညံနေတာ ဘာမှကြောက်စရာ မရှိဘူးမဟုတ်လား အဆောင်တွေ ဘေးကကပ်ပီး လျှောက်ခဲ့လိုက်တာ အိမ်သာတွေနား ရောက်လာတယ်။ ဒီနားရောက်တော့ မီးရောင်ကလဲ မီးလုံးတလုံးစာပဲရှိတော့ မှောင်နေသလိုဖြစ်နေတယ် လူသံတွေလည်း ကြားရတော့ပဲ တိတ်ဆိတ်နေပါတယ် အခုမှ နန်းလဲကြောက်သလို ဖြစ်လာတာနဲ့ အိမ်သာထဲဆက်မဝင်ပဲ မိုးမိုးကို စောင့်နေလိုက်တယ်။ ရုတ်တရက် အိမ်သာခန်းတွေရှိတဲ့ ထောင့်ကနေ အရိပ်တရိပ်ထွက်လာတယ်။ မီးလုံးရဲ့ မဖြစ်စလောက် မီးရောင်အောက်မှာ အရိပ်မဲမဲကြီးကို တွေ့လိုက်တော့ နန်းလဲ ရင်တွေတုန်ပီးလန့်သွားတာပေါ့။
တော်ပါသေးရဲ့ လူတယောက်ထွက်လာတာဖြစ်လို့ အိမ်သာတွေဘက်က အမျိုးသမီးတယောက် လမ်းလျှောက်လာတယ် အမျိုးသမီးလို့ပြောတာက နန်းထက် အသက်အနည်းငယ် ကြီးမဲ့ပုံကြောင့်ပါ။ တက္ကသိုလ်ဝတ်စုံ အဖြူနဲ့အပြာကိုဝတ်ထားတယ်။ တကျောင်းထဲဆိုတော့ မိတ်ဖွဲ့တဲ့သဘောနဲ့ ရီပြလိုက်ပေမဲ့ သူကနန်းကို လှည့်တောင်မကြည့်ဘူး မျက်နှာသေကြီးနဲ့ပဲ နန်းနားက ဖြတ်သွားတယ်။ သူဖြတ်သွားချိန်မှာ ကြက်သီးတွေ ဖြန်းခနဲထသွားတယ် ဘာလို့လဲမသိဘူး နန်းကိုကျော်ပီး အဆောင်တွေဖက် ကွေ့ဝင်သွားတယ်။
ဖြတ်ခနဲ သူချိုးဝင်သွားတဲ့ အဆောင်တွေဖက်ကပဲ မိုးမိုးထွက်လာတယ် နန်းက စောစောကအမျိုးသမီးက မာနအတော်ကြီးတဲ့ပုံပဲ ငါနှုတ်ဆက်တာတောင် ပြန်မနှုတ်ဆက်ဘူးဆိုတော့ မိုးမိုးက ဘယ်ကအမျိုးသမီးကို ပြောတာလဲတဲ့.. နင်နဲ့မျက်နှာချင်းဆိုင် တွေ့တဲ့တယောက်လို့ ဖြေတော့ ဘယ်သူနဲ့မှ သူမတွေ့ဘူးလို့ ပြောပြန်တယ် နန်းလဲ ကြောင်တောင်တောင် ဖြစ်သွားတယ် တကယ်ဆို အဆောင်တွေဘက်သွားတဲ့ ထောင့်ချိုးမှာ မိုးမိုးနဲ့ မျက်နှာချင်းဆိုင် ဆုံကိုဆုံမှာပါ။
တလမ်းပဲသွားစရာရှိတဲ့အပြင် ဒီအမျိုးသမီး အဆောင်ဘက်အကွေ့မှာပဲ မိုးမိုးက အိမ်သာဘက် ကွေ့လာတာလေ တချိန်ထဲပဲဟာ.. အခုမိုးမိုးက မတွေ့ခဲ့ဖူးဆိုတော့ မြေလျှိုးမိုးပျံသလားလို့ စိတ်ပေါက်ပေါက်နဲ့ တွေးပစ်လိုက်မိတယ် နောက်နေ့တွေ အဆောင်ထဲ သတိထား ကြည့်မိပေမဲ့ အဲအမျိုးသမီးကိုမတွေ့ဘူး ဒီလိုနဲ့ ဒီကိစ္စကိုမေ့လုနီးပါး ဖြစ်လာတယ် တနေ့.... အား...ဆိုတဲ့ အော်သံကြားတယ် အကုန်လုံး အော်သံကြားတဲ့အခန်းဆီ ပြေးကြတော့ အခန်းထဲက ကျောင်းသူတယောက် အော်နေတာတွေ့တယ်။
တကိုယ်လုံး တုန်တုန်ရီရီနဲ့ ကြောက်လန့်တကြား ဖြစ်နေတာတွေ့တော့ ကျောင်းသူတွေထဲကအကြီးတွေကမေးကြတာပေါ့ ဘာဖြစ်လို့လဲဆိုတာ ကောင်မလေးက ဘာပြန်ပြောလဲဆိုတော့ သူနဲ့သူ့သူငယ်ချင်း အလောင်းအစားလုပ်တယ်တဲ့ သူကသရဲ တစ္ဆေဆိုတာမယုံဘူး သူ့သူငယ်ချင်းကယုံတယ် နောက်ပီး ဒီအဆောင်က ဇာတ်လမ်းလဲ ကြားဖူးထားတော့ တကယ်လို့ သရဲရှိမယ်ဆိုရင် သူ့ကိုမြင်အောင်ပြဆိုပြီး စနောက်ကြတယ် ဟိုပြောသည်ပြော ပြောကြရင်း ဒီစနောက်တဲ့ အကြောင်းကို မေ့သွားကြရော။
အိပ်ခါနီး သူအိမ်သာသွားတော့ သူတယောက်ထဲသွားတယ် အိမ်သာတက်နေရင်း အိမ်သာထဲကို လူဝင်လာတဲ့ပုံစံနဲ့ ဖိနပ်သံကြားရတယ်။ သူ့အိမ်သာခန်းနဲ့ တခန်းနှစ်ခန်းကျော်လောက်က အိမ်သာတံခါး ဖွင့်သံကြားတယ်။ အဲချိန်မှာပဲ သူလဲအိမ်သာတက်ပြီးလို့ အိမ်သာတံခါးဖွင့်မယ်အလုပ် အဲဒီအိမ်သာတံခါးပွင့်သံထပ်ကြားရပီး ခြေသံကြားရပြန်တယ်။ တချိန်ထဲသူအိမ်သာတံခါးဖွင့်လိုက်တော့ ဘယ်သူမှမတွေ့ရဘူး အခုပဲခြေသံကြား အခုပဲတံခါးဖွင့်တာကို မတွေ့ရတော့ သူစိတ်ထဲတမျိုးကြီး ဖြစ်လာတယ် သူစဉ်းစားလို့ မရပဲဖြစ်နေတယ်။
ဆက်မတွေးပဲ ရေချိုးခန်းထဲဝင်ပီး ခြေထောက်ဆေးနေတုန်း သူ့နားမှာ ကောင်မလေးတယောက် မတ်တပ်လာရပ်တယ် ပထမတော့ သတိမထားမိဘူး။ နောက် ရေချိုးခန်းထဲဝင်လာပီး ဘာမှမလုပ်ပဲ သူ့အနားလာရပ်နေတော့ သူလဲသေချာမော့ကြည့်မိရော GTCကျောင်းဝတ်စုံနဲ့ကောင်မလေးပါ ဒါပေမဲ့ သူ့တကိုယ်လုံးက ရေတွေရွှဲနေပီး သူမတ်တပ်ရပ်တဲ့နေရာကို တစက်စက်စ်ီးကျနေတယ် နောက်...သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ မျက်လုံးတွေကလဲ နီရဲနေတယ် မျက်နှာကလဲဖြူဆုတ်နေပီး လူသေတယောက်လို ဖြစ်နေတယ် ဒီကောင်မလေးကို ကြည့်ရင်းကြည့်ရင်း သူ့အတွေးထဲကို ဒီအဆောင်ရဲ့ ဇာတ်လမ်းဝင်လာတယ်။
အဲဒီတော့မှ သူလဲငယ်သံပါအောင်အော်ရင်း ရေချိုးခန်းထဲကနေ ပြေးထွက်မိပါတော့တယ်။ သူဘယ်လောက်ပဲပြေးပြေး ဒီကောင်မလေးက သူ့နောက်က တောက်လျှောက် ကပ်ရပ်ကြီး ပါလာတယ်။ နောက်သူ့အော်သံကလဲ အသံမထွက်ပဲ လည်ပင်းမှာပဲ ပျောက်ပျောက်သွားတယ်။ သူ့အခန်းထဲဝင်ပြေးတော့ အခန်းထဲတော့ မလိုက်လာပဲ အခန်းအပြင်မှာ မတ်တပ်ကြီး ရပ်ကြည့်နေပါတော့တယ် သူငယ်ချင်းကလဲ ပြန်မရောက်သေး အော်သံကလဲ မထွက်ဆိုတော့ ကြောက်လန့်မှုတွေ ခြောက်ခြားမှုတွေနဲ့ မျက်ရည်တွေပဲ ကျလာမိတယ်။
အခန်းတံခါးလဲမပိတ်ရဲတော့ အခန်းအပြင်မှာ ရပ်နေတဲ့ ကောင်မလေးကိုလဲ သူတွေ့နေရတာလေ နောက်ဆုံးအနေနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အသံကုန်အော်လိုက်မှ သူ့အသံထွက်လာတယ်။ သူ့အော်သံကြောင့် လူတွေသူ့အခန်းကို ပြေးလာသံတွေနဲ့အတူ အခန်းအပြင်က ကောင်မလေး ပျောက်သွားတော့တယ်။ ပြောပြတဲ့ ကျောင်းသူ့စကားဆုံးတော့ နန်းလဲသူတွေ့ခဲ့တဲ့အမျိုးသမီးကို ပြန်မြင်ယောင်ရင်း ကြက်သီးထလာတယ်။ အဆောင်ရဲ့ ဇာတ်လမ်းဆိုတာ ဘာလဲသိချင်တာနဲ့ စီနီယာ အမတယောက်ကို မေးကြည့်မိတယ်။ အဲဒီတော့မှ ဇာတ်လမ်းစုံသိရပါတော့တယ်။
အရင်က ဒီအဆောင်မှာ သန္တာဆိုတဲ့ ကျောင်းသူတယောက်ရှိခဲ့တယ် သူကသူ့အခန်းဖော် အေးအေးကို အလွန်ခင်တယ် သန္တာရဲ့အိမ်က သူ့ကိုအလွန်ချုပ်ချယ်တဲ့အပြင် စည်းကမ်း တင်းကျပ်လွန်းသလို သူ့အပေါ်လဲသိပ်ကြင်နာပုံမရဘူး ဒီတော့သန္တာက သူ့အိမ်ထက် အဆောင်မှာပဲပျော်တယ် ကျောင်းပိတ်ရက်နဲနဲပဲဆို သူများတွေလို အိမ်မပြန်ဘူး အဆောင်မှာပဲ နေတယ် သန္တာ့မှာ အမွှာအကို တစ်ယောက်ရှိတယ် သူကတော့ သန္တာ့လိုကျောင်းသားမဟုတ်ဘူး အိမ်မှာပဲနေသူပါ ဒီလိုနဲ့ သန္တာချစ်သူရှိလာတယ်။
ဒီအကြောင်းကိုလဲ သူ့အိမ်က သိသွားတော့ ကျောင်းကိုမပြန်ခိုင်းတော့ပဲ သူတို့သဘောတူတဲ့သူနဲ့ လက်ထပ်ပေးဖို့ စီစဉ်ကြပါရော စိတ်ဆင်းရဲမှုကို မခံနိုင်တော့တဲ့အဆုံး သူတို့အိမ်နားက မြစ်ထဲကို သန္တာခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ် သန္တာဒီလိုခုန်ချတာမြင်တဲ့ သူ့အစ်ကိုကသူ့ညီမကိုလိုက်ဆယ်ရင်း သေဆုံးသွားခဲ့ရတယ် သန္တာတို့အိမ်မှာ အခြောက်အလှန့် ရှိလားတော့မသိရပေမဲ့ အဆောင်မှာပျော်တဲ့ သန္တာ့ကို အဆောင်မှာမကြာခဏ တွေ့ရပါတော့တယ် သန္တာ့ရဲ့အခန်းဖော် အေးအေးကတော့ သူ့ကုတင်ဘေးမှာ သန္တာလာလာရပ်နေတတ်တယ်လို့ အမြဲပြောတယ် ရေချိုးခန်း အိမ်သာနားမှာ တချို့သူတွေက သန္တာ့ကိုမကြာခနမြင်ရပေမဲ့ ဒုက္ခတော့မပေးတတ်ပါဘူး။
ကျောင်းတွေပီးကြလို့ အေးအေးတယောက်သူ့အိမ်ကို အပြီးပြန်သွားပေမဲ့သန္တာ့ကိုတော့ အဆောင်မှာ ဆက်လက်မြင်တွေ့နေရဆဲပါ ဘယ်လိုပဲ အမျှအတန်းဝေဝေ သန္တာကတော့ ကျွတ်လွတ်ခြင်းမရှိဘူး သူအဆောင်မှာပျော်လို့ မကျွတ်ချင်တာလား မကျွတ်နိုင်တာလားတော့ မသိပါဘူး တချို့ကျောင်းသူတွေကတော့ အဆောင်ရဲ့ လှေကားထစ်မှာ ထိုင်ထိုင်နေတတ်တာလဲ တွေ့ရပါတယ်တဲ့ အဆောင်က သစ်သားနှစ်ထပ်ဆောင်ပါ တချို့ကျတော့လဲ သူနေခဲ့တဲ့အခန်းထဲ ဝင်သွားတာမျိုးလဲ မြင်ရတတ်တယ်။
သူသေဆုံးချိန်မှာ တခြားအဝတ်အစားဆိုပေမဲ့ သူ့ကိုမြင်သူတိုင်းကတော့ ကျောင်းအဝတ်အစားနဲ့ပဲတွေ့ကြတာပါ သူ့စိတ်ထဲမှာ ကျောင်းတက်ရမယ်လို့ ထင်နေတုန်းပဲလားမသိဘူး အဆောင်ထဲမှာ ဘုရားရှိခိုး မေတ္တာပို့အမျှဝေတာမျိုးရပေမဲ့ ပရိတ်ရွတ်လို့မရသလို ပဌာန်းရွတ်လို့လဲ မရဘူးပြောတယ် ဒီအကြောင်းကို သိပြီးတော့ နန်းတယောက် သန္တာ့ကိုသနားမိတယ် တက္ကသိုလ်ကျောင်းသူဘဝကို အင်မတန်ပျော်ရွှင်မက်မောတဲ့ သန္တာတယောက် တမလွန်ကနေ. ကျောင်းဆက်တက်နေတုန်းပဲလား မသိတော့ပါဘူးရှင်
Credit