သူ တစ်ရေးနိုးလာတော့ အိပ်ယာဟာ တအားပူနေပြီ။ နာရီက ညနေလေးနာရီ နှစ်ဆယ့်ရှစ် ကို ပြနေပြီ။ အပြင် မှာ နေက မကျသေးဘူး။ ဒီနိုင်ငံမှာ နွေရာသီ ဟာ သေမတတ် ပူတယ်။ ပူလွန်း အားကြီး လွန်းလို့ တစ်ကောင်ခွဲ အားရှိတဲ့ အဲကွန်း ဟာ သူတို့နှစ်ယောက် အိပ်နေတဲ့ အခန်းသေးသေးလေး ကိုပဲ မအေး မအေးနိုင်ဘူး။အိပ်ယာ ရဲ့ ဘေးအစွန်း မှာ တင်လွှဲ ထိုင်ရင်း ညက ချွတ်ထား ခဲ့တဲ့ စတိုင်ပဲန် နဲ့ အတွင်းခံ ကို ပြန်ဝတ် လိုက်တယ်။
ဝတ်ရင်း နဲ့ ဘေးနားမှာ အိပ်မောကျနေဆဲဖြစ်တဲ့ သူ့ရဲ့ အဖော် ကို သူကြည့်လိုက်တယ်။ တကယ်တမ်း သေချာကြည့်မယ် ဆိုရင် သူ့ရဲ့ ည အိပ်ဖော်ဟာ တီဗွီထဲ မှာပဲ ကြည့်ကောင်း တဲ့ ရွက်ကြမ်းရေကျို မိတ်ကပ်ဖုံး အမျိုးသမီး တစ်ယောက်သာ ဖြစ်တယ်။ဒါပေမယ့် လိင်ဆက်ဆံမှု မှာ တကယ်တမ်း က ရုပ်ရည် ဟာ အဓိက မကျဘူးလို့ သူထင်တာပဲ။ သေချာကြည့် လိုက်တော့ သူမက အိပ်မော အကျလွန်နေရာ က ပါးစပ်က သားရေတွေ ပါ ထွက်ကျနေတာ ကို တွေ့ရတယ်။
သူ .. မျက်နှာ ကို တစ်ချက် မဲ့လိုက်ပြီး ရေချိုးခန်းထဲ ကို ဝင်လိုက်တယ်။ ရေချိုးခန်းထဲ ကို ဝင်လိုက်တယ် ဆိုတာက ရေချိုးချင် အိမ်သာတက်ချင် လို့ရယ် လို့တော့ မဟုတ်ဘူး။ သူ့ရဲ့ ညအိပ်ဖော် ပါးစပ် က ထွက်ကျနေတဲ့ သားရေတွေ ကို ရွံရှာ လာတဲ့ အတွက်ကြောင့်ပဲ။ရေချိုးခန်း ထဲမှာ ဘာလုပ်ရမယ်မှန်း မသိတာကြောင့် အိမ်သာ အိုးပေါ် မှာ ဘောင်းဘီ မချွတ် ဘဲ သူ.. နာရီဝက် လောက်ထိုင်နေဖြစ်လိုက်တယ်။ ဒါမှမဟုတ် နာရီဝက်လောက် ထိုင်နေဖြစ် လိုက်တယ်လို့ စိတ်ကူးပစ်လိုက်တယ်။
အိမ်သာ အိုးပေ ါ်မှာ ဘာမှ မလုပ်ဘဲ နာရီဝက်လောက် ထိုင်နေ လိုက်တာက သားရေတွေ ထွက်ကျအောင် ပိုးစိုး ပက်စက် အိပ်ပျော်နေတဲ့ လူ တစ်ယောက်နား မှာ နေရတာထက် စာရင် အများကြီး ပိုကောင်းမယ် လို့ သူထင်တာပဲ ။ ခဏနေတော့ အိမ်သာ အိုးပေါ်မှာ ထိုင်ရတာကို သူ… ငြီးငွေ့လာပြန်တယ်။ ရေချိုးခန်း အပြင်ဘက်မှာ ရှိတဲ့ သောက်ရေအေးအေးကို သူသောက် ချင်လာတယ်။ဒါပေမယ့် အပြင်ပြန် ထွက်ရင် သားရေနံ့တွေ ထွက်နေတဲ့ သူမ နဲ့ ထပ် တွေ့ရမှာ စိုး တာကြောင့် ရေချိုးခန်းဘေဇင်မှာ ရှိတဲ့ ရေကို သောက်ဖို့ သူကြိုးစား လိုက်တယ်။ သူကြိုးစား လိုက်ပေမယ် လို့ မအောင်မြင် လိုက်ဘူး။ ရေက ကလိုရင်းနံ့ တအားထွက်နေတယ်။
ဘုံဘိုင် က ရေကို သောက်ဖို့ သူ လက်လျှော့လိုက်ပြီး အိပ်ခန်းထဲ ကို ပြန်လာခဲ့တယ်။အိပ်ခန်းထဲ မှာ သူမ က နိုးနေပြီ။ ဝတ်စုံပြည့် နီးပါးတောင်ပြန် ဝတ်ပြီးနေပြီ။“ရေမချိုးတော့ဘူးလား။”သူက မေးတော့ သူမခေါင်း ခါပြတယ်။ သူ (စိတ်ထဲကနေ) ထပ်ပြီးတော့ မျက်နှာကို မဲ့ရွဲ့ပစ် လိုက်တယ်။“ဒီည ရှုတင် အမီပြန် သွားရမယ်။ ရေချိုးနေရင် မမီတော့ ဘူး။ မိတ်ကပ် လည်း ပြင်ရဦးမယ်။”လို့ သူမပြန်ပြောရင်း သူသောက်မယ် လို့ ကြံရွယ် ထားတဲ့ ရေဗူး ကို ယူသောက်လိုက်တယ်။ “ဒီရေဗူး ကို သူပြန် သွားရင် ငါလွှင့်ပစ် လိုက်တော့မယ်။” လို့ သူတွေးလိုက်တယ်။“ရေချိုး ခန်းထဲ ဝင်သွားတာ ကြာလိုက်တာ။
ကျွန်မတောင် လိုက်လာဦး မလို့ပဲ။”သူ ဘာမှ မပြောလိုက်ဘူး။ ပြောစရာတွေ ရှိပေမယ်လို့ ဘာပြောရမယ်မှန်း မသိတာကြောင့် သူဘာမှ မပြောလိုက် ဘူး။ ဒါပေမယ်လို့ ပြောကို ပြောရမယ်။ ဟုတ်တယ်။သူမ မသွားခင် မှာ သူ့စိတ်ထဲ တော်တော်ကြာကြာ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ ဒီကိစ္စကို ပြောကိုပြောရမယ်။“ဒီနေ့ ရှင့်ကြည့် ရတာတစ်မျိုးပဲ။ ညက ကျေနပ်မှု မရဘူးလား။”သူမ ဟာ လိင်မှုရေးရာ ကျွမ်းကျင် ပိုင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပဲ။
သူမဟာ အပြင်မှာ လည်း အခကြေးငွေ ယူပြီး လိင်မှုရေးရာ ဖြည့်ဆည်းပေးနေတဲ့ လူတစ်ယောက်ဖြစ်တယ်။ သူကတော့ ခြွင်းချက်ပေ့ါ။ သူ့ကိုတော့ သူမ က တံခါး မရှိ ဓါး မရှိ အချိန်မရွေး ဝင်ထွက် သွား လာခွင့်ပေးထားတယ်။ဝင်ထွက် သွားလာခွင့်ပေးထားတယ် လို့ ဆိုပေမယ်လို့ များသော အား ဖြင့်တော့ သူ ရှိရာကိုပဲ သူမ က အလာများ ပါတယ်။ ဒီလို အကျွမ်း တဝင်ရှိနေတဲ့ အမျိုးသမီး တစ်ယောက်နဲ့အတူနေ ရတာ သူ့ဘက် က ဘာများ မကျေနပ်စရာ အကြောင်းရှိမှာလဲ။ သူခေါင်းခါပြ လိုက်တယ်။“ဒါဆို ဘာဖြစ်နေတာ လဲ။”သူမ က စိတ်မရှည် သလို မေးတယ်။အနားမှာ ရှိနေ တဲ့ စီးကရက် တစ်ဝက် ကို မီးညှိ လိုက်ရင်း သူ … သူမ ကို ကြည့် လိုက်တယ်။ သူမ က သူ့အကြည့် ကို ပြန်တုံ့ပြန်ရင်း တီဗွီထဲ မှာ သူပြုံးပြလေ့ရှိတဲ့၊ အပြင်က သူ့ရဲ့ လိင် အလုပ်ရှင်တွေ ကို ပြုံးပြလေ့ ရှိတဲ့ အပြုံးမျိုး ကို သူ့ကိုပြုံးပြတယ်။
သူမ ကိုကြည့်ရတာ ဒီအပြုံး တစ်မျိုးတည်းပဲ ပြုံးတတ်ပုံပဲ။အပြုံး နဲ့တူတူ သူ့ အနားကို ပါ ရောက်လာတယ်။ သူ.. ကိုယ် ကို မသိမသာ ကျုံ့လိုက်ရင်း သူမ ကိုမေးလိုက်တယ်။“ဒီညနေ ရှူ တင် မသွား လို့ မရဘူးလား။ ကိုယ်ပြော စရာလေးရှိလို့။”သာမန် အချိန်တွေ ဆိုရင်တော့ သူ ဒီလိုပြောလိုက်ရင် ခေါင်းခါ မှာပဲ။ ဒါပေမယ်လို့ ဒီညမှာ သူမ ဘက်က သူ့င်္ဆီ က တစ်စုံတစ်ရာ ကို ထပ်မံမျှော်လင့်နေသေး ပုံ ရတာကြောင့် “ကောင်းပြီလေ” လို့ ပြန်ပြောရင်း သူ့ရဲ့ မန်နေဂျာ ကို သူ ဒီည မလာနိုင်တော့ကြောင်း ဖုန်းဆက်ပြောလိုက် တယ်။ငါးမိနစ်လောက် အခြေ အတင် ပြောကြပြီးနောက် မှာ သူဖုန်းချ လိုက်တယ်။ ဖုန်းချ လိုက်ပြီး “ဘာပြောမှာ လဲ။” လို့ သူ့ကို မေးတယ်။
သူ ချောင်း တစ်ချက် ဟန့်လိုက်တယ်။“ကိုယ်တို့ ပတ်သက်နေတာ နှစ်လကျော်ပြီနော်။”ပြောလိုက်ပြီး မှ သူ့ကိုယ်သူ “ငါတော်တော် ညံ့တာပဲ” လို့တွေးလိုက် မိတယ်။ တကယ်ဆို ဒီထက် ပိုပေါက်ရောက် မယ့် စကားမျိုးကို ရွေးပြောသင့် တာပေါ့။ဥပမာ .. “ ငါတို့ ပတ်သက် မှု ရပ်လိုက်ရအောင်။” ဆိုတာမျိုးပေါ့။ ဒါမှ သူမဘက်က “ဘာဖြစ် လို့လဲ။ ” ဘာညာ မေးလာ မှာပေါ့။
ခုတော့ သူမက ပါးစပ်ကြီး ပိတ်ပြီး သူဆက်ပြောမှာ ကို စောင့်နေ တယ်။ (စောင့်နေပုံရတယ်။)“ဒီလိုလေ။ ခုပတ်သက်နေတာကို ကိုယ်ပြန်ပြီးတွေးကြည့်လိုက်မိတယ်။ တကယ်ဆို မင်းနဲ့ကိုယ် မတွေ့သင့်ဘူးလို့ ကိုယ်ထင်တယ်။ မင်းနဲ့မှ မဟုတ်ပါဘူး။ကိုယ်ဘယ်အမျိုးသမီးနဲ့မှ မတွေ့သင့်ဘူးလို့ ထင်တယ်။ ထင်နေမိတယ်။ ဒီလိုပြောလို့ ကိုယ့်ကို ဂေးလို့ မထင်နဲ့နော်။ ကိုယ်ဂေးမဟုတ်တာ မင်းသိပါတယ်။ဒီတော့ .. ” သူ့ရဲ့ စကားလုံးတွေ ဟာ တောင်စဉ်ရေ မရဘူး။ ဒီလို သူလျှောက်ပြောနေ တာတွေ ကို သူမ က စီးကရက် တစ်လိပ် ကို လက်ကြားမှာ ညှပ်ရင်း ခပ်ပြုံးပြုံး အနေအထားနဲ့နားထောင်တယ်။ သူမ ကိုကြည့်ရတာ သူမ ဘဝမှာ ဒီလို စကားလုံးတွေ က ကြားဖူးနေကျ စကားလုံးတွေဖြစ်မယ် ထင်တယ်။ သူမကို ကြည့်လိုက် ရင်း သူဘာ ဆက်ပြောရမလဲမသိတော့ တာကြောင့် တိတ်တိတ်လေး ပြန်နေလိုက်တယ်။
ဒီတော့ သူမ က ပြောလာတယ်။“ကျွန်မနဲ့ အဆက်အသွယ်ဖြတ်ချင်ပြီပေါ့။ ဒီလိုပေါ့။”သူ .. “ ဟုတ်တယ်။” လို့ ခပ်တိုးတိုးလေး(သာမန်ထက် တိုးတဲ့အသံနဲ့) ပြန်ဖြေလိုက်တယ်။ သူမကိုတော့ မကြည့်ပါဘူး။ သူမကတော့ ကြည့်နေမယ်ဆိုတာသူသိနေတယ်။“ဘာကြောင့်လဲမေးရင် ရှင်ဖြေမှာလား။”ဖြေမယ်လို့ သူဆုံးဖြတ်လိုက်တယ်။“ဘာကြောင့်လဲဆိုတော့ မင်းက လက်ရှိအရမ်းနံမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသမီးလေ။”“ဒီတော့ ဘာဖြစ်လဲ။”“ပြီးတော့ မင်းက လက်ရှိ အိမ်ထောင်ကြီးနဲ့လေ။”“ဒီတော့ရော ဘာဖြစ်လဲ။”သူမ ပြန်မေးတာတွေကြောင့် သူဘာပြန်ဖြေရမယ်မှန်းမသိတော့ဘူး။ သူမက ဆက်ပြောတယ်။“ ကျွန်မက လက်ရှိနံမည်ကျော် မင်းသမီးဖြစ်နေတော့ ဘာဖြစ်သလဲ။ ရှင့်အတွက် ဘာထိခိုက်သွားလို့လဲ။ လက်ရှိ ကျွန်မက အိမ်ထောင်ရှိနေတော့ရော ဘာဖြစ်လဲ။ရှင့်အတွက် ဘာထိခိုက်သွားလို့လဲ။”“ကိုယ် မင်းရဲ့ အမြှောင် လင်ငယ် ဘဝနဲ့ မနေနိုင်တော့ဘူး။”“ဒါဆို ကျွန်မ ကို လက်ထပ်မလား။”“ဟင့်အင်။ ”“ကျွန်မ ထက် ပိုပြီးကျေနပ်စရာကောင်းတဲ့ လူတွေ့ထားတယ်လား။”“ကိုယ် ခုနက ပြောပြီးပြီလေ။
တခြား ဘယ်မိန်းမနဲ့မှ လည်း တွေ့ဖို့ မရှိတော့ပါဘူးလို့။”“ချက်ချင်းကြီး ဂေးသွား တာလား။”“ကိုယ်ခုနက အဲဒါကိုလည်း ပြောပြီးပြီလေ။”“ဒါဆို .. ” လို့ သူမစကားစ ပြီး ဆက်မပြောတော့ဘဲ ခေါင်းညိတ်တယ်။သူ .. သူမကို ကြည့်ပြီးဆက်ပြောလိုက်တယ်။“ကိုယ့်မှာ မင်းနဲ့တွေ့ခါစက ချစ်သူရှိတယ်။ မင်းသိတယ်နော်။”သူမ ခေါင်းညိတ်တယ်။“အဲဒီ ချစ်သူနဲ့ ပြန်တွဲချင်လို့လား။”“ကိုယ်ပြောတာ ဆုံးအောင် နားထောင်ပါ။”သူက သူစကားပြောနေတုန်း ဖြတ်ပြော တာ မကြိုက်ဘူး။
သူကိုယ်တိုင် ကတော့ ဖြတ်ဖြတ်ပြော တတ် တဲ့ အကျင့် ရှိတယ်။ ဒါပေမယ် လို့ သူစကားပြောနေတုန်းသူများဖြတ်ပြောရင် မကြိုက်ဘူး။ သူပြောတာကို ဆုံးအောင်နားထောင်ပြီး မှ ပြောချင်ရာ ကို ပြော ဖို့ သူမကို သတိပေးရတာ လည်း ဒီအခေါက် နဲ့ဆို အခေါက်လေး ရာကျော်ပြီ ထင်တာပဲ။လှတဲ့ မိန်းမတွေ (လှအောင် ပြင်ဆင်နေတတ်တဲ့ မိန်းမတွေ) အတော် များများ ဒီလိုပဲ ဒုံးဝေးကြ သလားလို့တောင် သူတွေးမိတဲ့ အထိပဲ။“မင်းမှာ လည်း အိမ်ထောင် ရှိတယ်။ ဒါနဲ့ လည်း ကိုယ်တို့ အတူနေခဲ့ကြ တယ်နော်။
”သူမ ခေါင်းလည်း မညိတ်၊ ခေါင်း လည်း မခါဘူး။ သူ့ကိုပဲ စိုက်ကြည့်နေတယ်။သူ့ ရင်ထဲမှာ ဖြစ်နေတဲ့ လိပ်ခဲ တည်းလည်း ကိစ္စ ကို သူအခုပြောလိုက်တယ်။“မင်းက စိတ်ကျေနပ်ဖို့ကောင်းတဲ့ မိန်းမ တစ်ယောက်ပါ။ ပြီးတော့ နိုင်ငံကျော် ရုပ်ရှင် မင်းသမီး တစ်ယောက်။ မင်းနဲ့ တွဲသွား တွဲလာ လုပ်ရတာ အင်မတန် သာယာဖို့ကောင်း ပါတယ်။ လူတိုင်း က ကိုယ့်ကို အားကျတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်ကြ တာကိုလည်း ကိုယ်သာယာ ပါတယ်။ ကိုယ်တွဲခဲ့ ဖူးတဲ့ ချစ်သူက မင်းလို ဘာမှ မပြည့်စုံတာ လည်း အမှန်ပဲ။ ”သူမ ပြုံးတယ်။ ကိုယ့်ကို ကိုယ် ဂုဏ်ယူ ဝင့်ကြွားစွာ ပြုံးတဲ့အပြုံးမျိုး။ မိန်းမတွေ ပဲ ပြုံး တတ်လေ့ ရှိတဲ့ အပြုံးမျိုး ။
အင်း . ဒီလိုပြောရတာ နည်းနည်းတော့ ကသိ ကအောက်နိုင်(သလိုရှိ) တယ်။ ဘာလို့လဲ ဆိုတော့ မိန်းမပြုံးတဲ့ အပြုံး ဆိုမှတော့မိန်းမတွေ ပဲ ပြုံးတတ်မှာပေါ့။ ယောကျာ်းတွေပြုံးတဲ့အပြုံးမျိုးလည်း ယောက်ျားတွေပဲ ပြုံးတတ်မှာပဲ။ ဒါမဆန်းဘူး။ ခုနက သူ ပြောလိုက်တဲ့ စကားဟာ သူ့စိတ်ထဲကတကယ်ပါလို့ ပြောလိုက်တာ တစ်ဝက်ကျော်ကျော်ပဲပါတယ်။ ကျန်တာက ညာတာပေါ့။ဥပမာပြောရမယ် ဆိုရင် “ကိုယ့်ချစ်သူ က မင်းလို မပြည့်စုံ ဘူး။” ဆိုတာပေါ့။ ဒါ.. မှားတယ်။မှားပြောလိုက် တယ် ဆိုတာကိုလည်း သူ့ကိုယ်သူ သိနေတယ်။ သူတွဲ ခဲ့ဖူးတဲ့ ချစ်သူက သာမန်ပြည်သူတွေ ထဲက မိန်းကလေး တစ်ယောက် ပဲ ဆိုတာတော့ မှန်ပါတယ်။ဒါပေမယ် လို့ သူမလောက် ဒုံးမဝေးဘူး။ သူမလောက်လည်း မလှဘူး။ အဲ … သူမလောက် လည်း အချစ်ရေးရာ မှာ မကျွမ်းကျင်ဘူး။
သူမကို ဒုံးဝေး တယ်လို့သွားပြော လိုက်ရင် သူနောက်ထပ် ထပ်ပြော မယ့် စကားတွေကို နား မထောင်တော့ ဘဲ သူမ ထ ထွက်သွားမှာ ကို စိုးတာကြောင့် အရင် ဆုံးမြှောက် ပင့်ပြော လိုက် တယ်။ (နောက်မှ ရိုက်ချမယ် ဆိုတဲ့ သဘောနဲ့ပေါ့။ သူ အရင်တွဲဖူး တဲ့ မိန်းကလေး ဆို ရင်တော့ သူ အခုလို စကားလမ်းကြောင်းနေပြီ ဆိုရင် ဘာဆက်ပြောတော့မယ် ဆိုတာကို ရိပ်မိ မှာပဲ။ ဒါပေမယ် လို့ သူမ ကတော့ ခုနကပြောပြီးတဲ့ အတိုင်း ဒုံးဝေးတဲ့ အတွက် သူဘာ ဆက်ပြော မယ်ဆိုတာကို ရိပ်မိပုံ မရဘူး။ ရိပ်မိ ချင် လည်း ရိပ်မိ မှာပေါ့လေ။မသိ ချင်ယောင်ဆောင်နေတာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။)“မင်းနဲ့ တူတူ အိပ်ရတဲ့ အခေါက်တိုင်း လည်း ကိုယ် အမြဲတမ်းပျော်ရွှင် သာယာ ခဲ့ရပါတယ်။ ဒါပေမယ် လို့ ကိုယ်တို့ တွေ မှားနေတယ်လို့ အမြဲ ခံစားနေရတယ်။ မင်းနဲ့ စတွေ့ကတည်း ကပဲ။”“ဒါဆို ဘာလို့ ကျွန်မနဲ့ ဆက်အိပ် ခဲ့သေးလဲ။”“မင်းကို ကိုယ် သဘော ကျလို့ပေါ့။
ဒါပေမယ်လို့ သဘောကျတယ် ဆိုတာလေး တစ်ခုတည်း နဲ့တော့ မင်းနဲ့ ကိုယ် ဆက်တွဲနေဖို့ မသင့်ဘူးလေ။ မင်း အားမနာပေမယ် လို့ မင်းအိမ်ထောင် ကို ကိုယ်အားနာလာပြီ။ ပြီးတော့ မင်းကို သဘော ကျတယ် ဆိုတာက မကြာခင် မှာ မင်းလည်း အသက်တွေကြီး လာတော့ မှာပဲလေ။ အသက်ကြီးလာပြီ ဆိုရင် ခုလောက်တော့ စိတ်ကျေနပ် ဖို့ မကောင်းတော့မှာ အမှန်ပဲ။အမှန်ပြောရရင် မင်းကို ကိုယ် သဘော ကျတာ မင်းရဲ့ အသက် အရွယ် အရ မင်းရဲ့ကျွမ်းကျင် ပိုင်နိုင်မှုတွေ ကို သဘော ကျတာ။ ဒီထက် မင်း အရွယ်ရင့် သွားရင် မင်း ဒီလိုတွေ မစွမ်းဆောင်နိုင်တော့ ရင် မင်းကို ကိုယ်သဘောကျတော့ မှာ မဟုတ်ဘူး။ မင်းနဲ့ မတွေ့ခင် တုန်း က ကိုယ် က လူ့ကျင့် ဝတ်တွေ စည်းမျဉ်း စည်းကမ်း ဆိုတာတွေကို လုံးဝ တသဝေ မတိမ်း လိုက်နာ ခဲ့တဲ့လူပါ။
မင်းနဲ့တွေ့ မှ ကိုယ် ဘယ်လိုဖောက်ပြန် သွားတယ် ဆိုတာကို ကိုယ့် ကို ကိုယ်တောင် မယုံနိုင်လောက်အောင် ပဲ။ ဒါပေမယ်လို့ မင်းနဲ့ အိပ်ပြီး တိုင်း ကိုယ် အတွေးဝင်တယ်။ ခဏတာလောက် သာယာဖို့အတွက်နဲ့ ကိုယ်တို့တွေ လူ့အဖွဲ့အစည်းကြီး ကို ဖောက်ပြန်နေ မိကြပြီလို့။ ကိုယ်တွေး မိတိုင်း အပြစ် ရှိသလို ခံစားရတယ်။ ပြီးတော့ မင်းအိမ်ထောင် အပေါ်မှာ အားနာတယ်။ ”စကားတွေ အများကြီးပြောပြီးတော့ သူ .. မောသွားတယ်။ အနားမှာ ရှိနေတဲ့ ရေဗူး ကို ကောက်မော့ လိုက်တယ်။ ရေတွေ ပါးစပ် ထဲရောက်ပြီးသွား ကာမှ သတိရ လိုက်တယ် ။ ဒီရေဗူး ကို သူမ ခုနက ပါးစပ် မဆေး ဘဲ သောက်ထားတယ်။
သူ .. သူမ ပြန်သွားရင် လွှင့်ပစ် လိုက်တော့မယ် လို့ ကြံရွယ် ထားတဲ့ ရေဗူး။ခု သူ မေ့ပြီးသောက်လိုက် မိပြီ။ ရွံတာ လား မသတီ တာလား မသိတဲ့ ခံစားချက် တစ်ခုက သူ့ဗိုက်ထဲ ကနေ မောက်တက် လာတယ်။ သူမရှေ့မှာ ဆိုတော့လည်း ရေကို ပြန်ထွေးထုတ် လိုက်ဖို့က အားနာနေတယ်။ သူ .. ရေကို ပါးစပ် ထဲ ငုံထားပြီး ရေချိုးခန်း ထဲ ဝင် လိုက်တယ်။ဘေဇင် ထဲကို သူငုံထာ; တဲ့ရေတွေ ထွေးထုတ် ပစ်လိုက်တယ်။ ပြီးတော့ ပြန်ထွက် လာလိုက် တယ် ။ သူမကတော့ ခုနကနေရာ မှာ ခုနက ပုံစံအတိုင်းပဲ။ သူ့ကို တစ်ခုခုပြော ဖို့ စောင့်နေ တာဖြစ် မယ် (လို့ သူထင် တဲ့ အတွက် သူမနား ကို သွားလိုက်တယ်။)။“ကျွန်မ အိမ်ထောင် ကို ရှင်အားနာတယ် ။ ဟုတ်လား။”သူ ခေါင်းညိတ် လိုက်တယ်။
သူမ က ခေါင်းခါတယ်။“ဒါဆို ကျွန်မ နဲ့ ပတ်သက်တဲ့ လူ မှန်သမျှ ကျွန်မအိမ်ထောင် ကို အားနာနေရတော့ မှာပဲ။”သူမ က ရယ်သွမ်းသွေး သလို ပြောတယ်။ သူဒေါသ ထွက်သွားတယ်။ သူက သူ့ကို တခြား လူတွေ နဲ့ နှိုင်းနှိုင်းပြီး မြင်တာမျိုး မကြိုက်ဘူး။ (တကယ်တော့ သူ ဟာလည်း တခြား လူတွေနဲ့ ဘာမှ မထူးခြား တဲ့ လူတစ်ယောက် ပါပဲ။) သူ ပြောလိုက်တယ်။“တခြား လူတွေနဲ့ ကိုယ့် ကို မနှိုင်းနဲ့လေ။ ကိုယ်က ကိုယ်ပဲ။” သူမရယ်တယ်။“ကျွန်မ မှာ အသက်မွေးဝမ်းကြောင်း အလုပ်နှစ်ခု ရှိတယ်။ တစ်ခု က ဗွီဒီယို ကင်မရာတွေ အရှေ့ မှာ သရုပ်ဆောင် တာ။ နောက်တစ်ခု က ကျွန်မ ဘက်က ကုန်ပစ္စည်းပေးပြီးသူတို့ က ငွေကြေးပေးတာ။ဒီနှစ်ခုလုံး က ကျွန်မ အတွက် အသက်မွေးဝမ်းကြောင်းဖြစ်နေတဲ့ အတွက် နှစ်ခုလုံး ကို ကျွန်မရှောင် လို့မရဘူး။ အသက်မွေးဝမ်းကြောင်း ဆိုတဲ့ စကားကို ရှင်နားလည် ရဲ့လား။
နားမလည် လည်း နားလည် ချင်ယောင် ဆောင်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်မ မရှင်း ပြတတ် လို့ပဲ။ကျွန်မ အသက်ရှင်နေထိုင်နိုင်အောင် အတွက် ကျွန်မ ရထားတဲ့အိမ်ထောင် က ဘာမှ အသုံး မဝင်ဘူး။ ဒီတော့ ကျွန်မ ဝမ်းစာ ကျွန်မ ရှာတယ်။ ဒီ အလုပ်ကို လုပ်နေတဲ့ အချိန်မှာ င့ါကိုဘယ်သူတွေ ဘယ်လိုမြင်နေမလဲ ဆိုတဲ့ အတွေးမျိုး ကို ကျွန်မ မတွေးဘူး။ဘယ်သူတွေ ဘယ်လိုမြင်မြင် ဒါ ကျွန်မ ရဲ့ အလုပ်ပဲ လို့ ကျွန်မ ခံယူထားတဲ့ အတွက် ဒီအလုပ်ကို စိတ်ရှင်းရှင်းနဲ့ ကျွန်မ လုပ်နိုင်တယ်။ ကျွန်မ အိမ်ထောင် အတွက် ရှင် အား နာနေတာ ဆိုရင်တော့ ဒီ အတွက်နဲ့ ပူ စရာ ဘာမှ မလိုဘူး လို့ ကျွန်မပြောပါရစေ။”“ဒါပေမယ် လို့ မင်း အခုပြောနေတဲ့ လူတွေက မင်းကို အခကြေးငွေပေးနေတဲ့ လူတွေလေ။ ကိုယ်က မင်းကို အခ ကြေးငွေပေးနေတဲ့လူ မှ မဟုတ်ဘဲ။ ပြောရမယ် ဆိုရင် သူများ မယား ကြာခိုနေရုံ သက်သက် လူပဲ။
ပိုက်ဆံလည်း ပေးတာ မဟုတ်ဘူး။ တစ်ခါ တစ်လေများ ဆိုရင် မင်း ကတောင် ညစာ ဝယ်ကျွေးရသေးတယ် မဟုတ်လား။ကိုယ်ဟာ သူများ ဆောက် ပြီးသား အိမ်ထဲ ပဲ ဝင်ဝင်နေတတ် တဲ့ … အဲ .. အဲ .. ”“ဝင်ကစွပ် ။”“အင်း အင်း .. ဝင်ကစွပ် လို အကောင် မျိုးပဲ။ ”သူမ ရယ်တယ်။“ရှင့်ကိုယ် ရှင် ဒီလောက် ထိ အထင်သေးနေလိမ့်မယ် လို့ ကျွန်မ မထင် ထားဖူးဘူး။”သူမ စကားက သူ့ကို ကသိ ကအောက် ဖြစ်သွားစေတယ်။ သူ စကားပြောလိုက်တယ်။သူ စကားပြော ဖို့ ပါးစပ်ကို ဟလိုက်ပေမယ် လို့ သူမ က လက်ကာပြတဲ့ အတွက် သူ စကားပြော ဖို့ပါးစပ် ကို ပြန်ပိတ်လိုက်တယ်။“ကျွန်မ အတွက်တော့ ဘာမှ မထူးခြားဘူး။
ဒီမှာ .. စဉ်းစားကြည့်စမ်းပါ။ ကျွန်မ က နှစ်ဆယ့်လေး နာရီ အပြည့် လုံးလုံး အသက်မွေး ဝမ်းကြောင်း အလုပ်တွေ အတွက်ပဲရုန်းကန်နေရတော့ မှာလား။ ကျွန်မ အတွက် ပျော်ရွှင် ဖို့ အချိန် ဆိုတာလေး မရှိသင့်တော့ ဘူးလား။”“ကိုယ်နဲ့နေရတာ မင်းပျော်လို့ လား။ ကိုယ် က မင်းတွေ့ဖူး တဲ့ ယောကျာ်းတွေ လို မင်း ကို ပျော်ရွှင် မှု အပြည့် အဝ ပေးနိုင်တဲ့ လူမျိုး မို့လို့လား။ ပြီးတော့ မင်းပျော် ချင်ရင်မင်း ကိုယ် ပိုင် အိမ်ထောင်ကြီး ရှိတာပဲ။ သူနဲ့ပျော်လို့လည်း မင်းကို သူက ပိုက်ဆံပေးမှာ မဟုတ်ဘူး။ ကိုယ့်လို ပဲပေါ့။ ဘာထူးခြားလို့လဲ။ ”“သူနဲ့လည်း ကျွန်မ တခါတလေပျော်ပါတယ်။”သူ .. ဘာဆက်ပြောရမလဲကို မသိတော့ဘူး။ ဒီမိန်းမ အတော်တော့ ပြောရဆိုရခက်တယ်။ တကယ်တမ်းတွေး ကြည့်ရင် သူဆိုတာက ပညာတွေတသီကြီးတတ်တဲ့လူလည်း မဟုတ်ဘူး။ ရုပ်ချော သဘောမနောကောင်း အလုပ်ကြိုးစား တဲ့လူမျိုးလည်း မဟုတ်ဘူး။
တစ်နှစ်ဝင်ငွေဘယ်လောက်ဆိုတာမျိုးအတိအကျရှိတဲ့ကောင်မျိုးလည်း မဟုတ်ဘူး။“ရှင် ကျွန်မ ကို လက်ထပ် မလား။”“ဟင့်အင် ။ ” လို့ သူမြန်မြန် ဆန်ဆန် ပဲ ဖြေလိုက်တယ်။ သူမ ပြုံးတယ်။“ဟုတ်တယ်လေ။ ရှင်နဲ့ ကျွန်မကြား မှာ လက်ထပ်တယ် ဆိုတာ လိုမှ မလိုဘဲ။ ခုလည်း တူတူနေနေ ရတာပဲ။ လက်ထပ် လိုက်ရင် လည်း တူတူနေရ မှာပဲ။ ဘာထူး သွားလို့လဲ။”“ဘာပဲပြောပြော မင်းကို ကိုယ် ပတ်သက်နေ ရတာ လူ့အဖွဲ့အစည်းကြီး ထဲမှာ စည်းပျက်နေ သလိုဖြစ်နေတယ် လို့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့ အတွက် ကိုယ့်မှာ အချိန်တိုင်းလို အပြစ်ဖြစ်နေတယ်။ ကိုယ် ဒီလို မခံစားချင်တော့ဘူး။
ကိုယ်တို့ ထပ် မအိပ်ရအောင်။”“ရှင်ပြောတဲ့ လူ့အဖွဲ့ အစည်းကြီး ဆိုတာ ဘယ်ဟာ ကိုပြောတာလဲ။ လူ့အဖွဲ့အစည်းကြီး ထဲမှာ နေမယ် ဆိုရင် ဒီ စည်းမျဉ်း စည်းကမ်းတွေ ကို လိုက်နာပါ .. လို့ ဘယ်သူ က စ ပြော ခဲ့တာလဲ။ ရှင်ပြော တဲ့ လူ့အဖွဲ့အစည်းကြီး ထဲက လူ ဘယ်နှယောက်လောက် က ရှင်ပြော သလို အဲဒီ စည်းကမ်းတွေကို လိုက်နာနေတယ် လို့ ရှင်ထင်လို့လဲ။”ပြောရင်း ပြောရင်း သူမ ဒေါသ ထွက်လာ သလိုပဲ။ အသံကျယ် လာသလို စကားပြော လည်း မြန် လာတယ်။ သူမ မေးခွန်းတွေ ကို သူ့ကိုယ် သူ ပြန်မေးလိုက် မိတယ်။ သူ ..မဖြေ တတ်ဘူး။ ဘာတွေ မေးမှန်းလည်း မသိဘူး။ တကယ်ဆို လူဆိုတာက လူ့ကျင့်ဝတ် နဲ့တော့ အညီနေထိုင် ရမယ် (သင့်တယ်) မဟုတ်လား။“ဘာပဲဖြစ်ဖြစ် မင်းနဲ့ နေရတာ ကိုယ်ကျောမလုံဘူး။”“ကျွန်မ ကတော့ လုံတယ်။”
သူမ ကိုကြည့်လိုက်တော့ သူမက သူ့ကို မျက်လုံးပြင်းပြင်းတွေ နဲ့ ပြန်ကြည့်နေတာ ကို တွေ့ရ တယ်။ သူ ဘာမှ ဆက်မပြောဘဲ သူမကို ပြန်ကြည့်နေလိုက်တယ်။ သူမ က ဆက်ပြောတယ်။“ရှင့် ကို ဒီလောက် ထိ သူရဲဘောကြောင်လိမ့်မယ် လို့ ကျွန်မ ထင်မထားဘူး။ ကျွန်မကတောင် ဘာမှ မဖြစ်ပါဘူး လို့ ဒီလောက်ပြောနေတာ။ ရှင်က ဘာဖြစ်နေတာလဲ။
ကျွန်မနဲ့ နေရတာ ရှင်ဘာ များ နာကျင် ထိခိုက်သွားရ လို့လဲ။ကျွန်မ ရှင့် ကို ဘာလုပ်ပေးပါ၊ ညာလုပ်ပေးပါ လည်း ပူဆာနေတာ မဟုတ်ဘူး။
ကျွန်မ မောပန်း လာတဲ့ အချိန်တွေ မှာ ရှင်နဲ့ အိပ်ချင်တယ်။ ဒါမှ မဟုတ် ညလုံးပေါက် ရှင်နဲ့စကားပြောနေမယ်။ ပြောချင် ပြောနေမယ်ပေ့ါ ကျွန်မ ဆိုလိုတာက..။ ဒါမှ မဟုတ် ရှင်နဲ့ ရုပ်ရှင် ထွက်ကြည့်မယ်။ လျှောက်လည် ကြမယ်။ ညလုံးပေါက် ကားလျှောက်မောင်းမယ်။”“မင်းအိမ်ထောင် နဲ့ ဒါတွေလုပ် လို့ရသားပဲ။”“သူ မအားဘူး။”သူ ပြောပြောပြီးပြီး ချင်း သူမ က ဆက်ပြောလိုက်တာဖြစ်တဲ့ အတွက် ရုတ်တရက် သူမ ဘာပြော လိုက်တယ် ဆိုတာ ကိုတောင် သူ မသိလိုက်ဘူး။
နောက်နည်းနည်းနေ မှ(သူ မအားဘူး) လို့ ပြောလိုက်တာပဲ လို့ နားလည်လိုက်တယ်။ မအားရအောင် ဘာလုပ်နေ လို့လဲလို့တော့ သူ မမေးလိုက် ပါဘူး။ သူ့အိမ်ထောင် က သူ့အလုပ်နဲ့ သူ သိပ်ရှုပ်တယ် ဆိုတာ သူသိ ထားတယ်။“ဒီမယ် .. ကျွန်မ တို့က လူမှုရေးဖောက်ပြန်နေတယ် လို့ ရှင်မတွေး ဘဲ တစ်ဆိတ်လောက် ကျွန်မတွေးသလို တွေး ကြည့်စမ်းပါ။ဒါဆို ရှင် ကျွန်မ ရင်ထဲမှာ ဘာတွေဖြစ်နေတယ် ဘယ်လို ခံစားနေရတယ် ဆိုတာကို ရှင် သိသွားလိမ့်မယ်။ ဘာလဲ … ကျွန်မ တို့က လူတွေဖြစ်နေတဲ့ အတွက် လူတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီး ထဲမှာ လူတွေ သတ်မှတ်ထား တဲ့ စည်းကမ်းတွေကို မလိုက်နာ ဘဲ နေလို့ မရဘူး လို့ ရှင်ဆိုလို ချင်တာလား။
မလိုက်နာဘဲ ကိုယ်နေချင် သလိုရော ကိုယ့်ဟာ ကိုယ် နေလို့ မရဘူးလား။ မလိုက် နာတော့ရော ဘယ်သူ က ကျွန်မတို့ကို အသက် ဆက်ရှင်စေဖို့ နည်းလမ်းတွေ လာပေးကြ သလဲ။ လိုက်နာတော့ရော ဘယ်သူက ကျွန်မတို့ကို အသက်ဆက် ရှင်စေဖို့ နည်းလမ်းတွေ လာပေးကြသလဲ။”“မင်း ဘုရားသခင်ဟောခဲ့ တဲ့ အကြောင်းအရာတွေ ကို မရင်းနှီးဘူး ထင်တယ်။”
“နိုး .. ။ လူသေတွေ ရဲ့ စကားကို ကျွန်မ လက်မခံဘူး။ သူတို့ စကားတွေဟာ သူတို့ခေတ်မှာ မှန်ချင် မှန်ခဲ့လိမ့် မယ်။ ခုခေတ် မှာ လူတိုင်း အတွက် သူတို့ စကားတွေဟာမမှန်နိုင်တော့ ဘုူး။ ဆိုလိုချင် တာက ဒိတ်အောက်နေပြီ။”ဒီ မိန်းမ အတော်တော့ပြောရ ခက်တယ်။ ပြောရ ခက်ပေမယ်လို့ သူမပြောတော့ဘူး။
အခုဆွေးနွေးနေ တဲ့ ခေါင်းစဉ် ကလည်း ဘုရား သခင် ယုံကြည်ရေး မယုံကြည်ရေးမဲခွဲနေ တာ မဟုတ်ဘူး။ သူ ပြောလိုက်တယ်။“မင်းနဲ့ ကိုယ် နဲ့ကတော့ အတွေးအခေ ါ်မှာ အတော် ကပြောင်းတိ ကပြောင်းပြန်ဖြစ်နေ တာပဲ။ ကိုယ် တို့ ဆက်ညှိ လို့လည်း ရမှာမဟုတ်ဘူး။ ကိုယ့်ဘက် ကတော့ ရှင်းတယ် ။ မင်း စီးပွားရေး အရ ကုန်ပစ္စည်း နဲ့ ငွေကြေး လဲလှယ်တာ ကို မပြောဘူး။ ဒါပေမယ်လို့ မင်း အိမ်ထောင်အပေါ် မှာ အပြစ် ရှိသလို ခံစားရတဲ့ အတွက် မင်းနဲ့မပတ်သက်နိုင်တော့ ဘူး။”သူမ က တစ်ခုခု ကို သဘောကျ သလို ပြုံးတယ်။ ပြီးတော့ ရယ်တယ်။
“ကျွန်မ ကတော့ ပတ်သက် မှာ။ ရှင် နောက်တစ်ယောက် နဲ့ ပတ်သက်ချင်သေးလား။ ရတယ် ပြသနာ မရှိဘူး။ ကျွန်မ ရှင့်ဆီ ကတောင်းဆို တာက ကျွန်မ နဲ့ ညအတူအိပ်ပေး ဖို့။ ဒီလောက် ပဲ။ ကျန်တာ ဘာမှမလိုဘူး။”“ကိုယ့် ဘက်က ကျန်တာတွေ အားလုံးပေးနိုင်တယ် လို့ အာမ မခံနိုင်ဘူး။ ကိုယ့်အခြေ အနေ လည်း မင်းသိတဲ့ အတိုင်းပဲ။ ဒါပေမယ် လို့ သေချာတာ တစ်ခုကတော့ မင်းတောင်း ဆိုတဲ့ (ဒီလောက်ပဲ) ဆိုတဲ့ အချက် ကို ကိုယ် မလိုက်လျောနိုင်ဘူး။ ကိုယ်ပြောချင်တာက..။ ”“ကျွန်မ ဘာလုပ်ပေး ရင် လိုက်လျောနိုင်မလဲ။”
အတော် မှ အတော် ကို ခက်တဲ့ အမျိုးသမီး နဲ့ ထိပ်တိုက်ကြီး သူလာတွေ့နေတာပဲ။ သူ .. မျက်နှာကြက် ကို မော့ကြည့်ပြီး လေပြင်း တစ်ချက် မှုတ်ထုတ် လိုက်တယ်။
မျက်နှာကြက် မှာ တိမ်ပုံလေးတွေ ဆွဲထားပြီး တိမ် မရှိတဲ့ တခြားနေရာတွေ ကိုတော့ ကြက်သွေးရောင် ရယ် မိုးပြာရောင် ရယ် ခြယ်ထားတယ်။ ကြယ်ကလေးတွေလည်း ပါတယ်။
သူတို့ အိပ်ယာ နဲ့ တည့်တည့်ကြီး မှာ မှန် အကြီးကြီးတစ်ချပ် ကပ်ထားပေးတယ်။သူတို့ အတူ အိပ်ကြတဲ့ အချိန် တုန်းက ဒီမှန်ကြီး ကို သူ သတိ မထားမိဘူး။ ခု မော့လိုက်မှပထမဆုံး မြင်မိတာပဲ။ မဆိုးဘူး လို့ သူတွေးလိုက်တယ်။ တစ်ချက်လောက်တော့ သူ မျက်နှာ ကြက် အပြင် အဆင်ကို ငေးနေမိသေးတယ်။ ဒါပေမယ်လို့ ငါ စကားပြောရဦးမှာ ပဲလို့ တွေးလိုက်မိ တဲ့ အတွက် သူ ခေါင်းပြန် ငုံ့ပြီး သူမ ကိုကြည့်လိုက်တယ်။“ကိုယ်တို့ လက်ထပ်ကြ မလား။ ခု လက်ရှိ မင်း အိမ်ထောင်ကို ကွာလိုက်။ ဒါဆို အလုပ်ဖြစ်ပြီ။”
သူမ ခေါင်းခါတယ်။“ကျွန်မ လိုချင်တာ ပျော်ဖို့သက်သက်ပဲ။ ပျော်ဖို့ သက်သက် တစ်ခုတည်း နဲ့တော့ ဘာကိစ္စနဲ့ ကျွန်မ အိမ်ထောင် ကို ကွာရမှာ တဲ့လဲ။ ကျွန်မ အိမ်ထောင်က ကျွန်မကို ချစ်တယ် ။ ရှင် ကျွန်မ ကို ဒီလိုချစ်နိုင် မှာ မို့လို့လား။” သေချာ တာပေါ့။ သူ ဘယ်ချစ်နိုင်မလဲ။
သူမ ကို သူ ပတ်သက်ခဲ့ တာကလည်း ချစ်လို့ မှ မဟုတ်ဘဲ။ တကယ်တမ်း မှာလည်း သူမကို သူ တစ်သက်လုံးပေါင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ခုတောင် မပေါင်း ချင်တော့ဘူး။
ဒါပေမယ် လို့ တော်တော် ခွကျတဲ့ မိန်းမ ပဲ။ ဒီလို ဆိုတော့လည်း ဟင့်အင်၊ ဟိုလိုဆိုတော့ လည်း ဟင့်အင် ။ သူ ဘာဆက်လုပ်ရမှာလဲ။ သူတို့ ဆွေးနွေးပွဲဟာ ဒီလိုပဲ လယ်တယ် လယ်တယ် ဖြစ်နေတယ်။အချိန် အတော်ကြာတဲ့ အထိ သူမ နဲ့ သူ စကား မပြောဖြစ်ဘူး။ နှစ်ယောက်လုံး ကုတင်မွေ့ ရာပေါ်မှာ ထောင့်မှန် အနေ အထားနဲ့ ထိုင်နေ မိကြတယ်။ သူ စကားပြောဖို့ သူမဘက် လှည့် လိုက်တော့ သူမ သူ့ဘက် လှည့်လာတာနဲ့ ကြုံတယ်။“မင်း အရင်ပြောပါ။” လို့ သူ က ပြောလိုက်တော့ သူမက ပြောတယ်။
“တစ်ခါတစ်လေ မှာ ကိုယ်လုပ် ချင်တာကို လုပ်နိုင် ဖို့ စည်းကမ်းတွေ ကျင့်ဝတ်တွေ ဆိုတာကို ခဏလောက် မေ့ထား သင့် မေ့ထားရတယ် ဆိုတာမျိုး ရှင်တကယ် မသိဘူးလားဟင်။”
သူမ အသံက နူးညံ့နေတယ်။ ခုနက ဂယက် ရိုက်နေလို့ ကျယ်လောင်နေ ခဲ့တဲ့ သူ့အသံက သူမ ရဲ့ နူးညံ့တဲ့ အသံ ကြောင့် ခပ်တိုးတိုးပြန်ဖြစ်သွားတယ်။သူ သက်ပြင်းချ လိုက်တယ်။
“ကိုယ် တွေးဖူး ပါတယ်။ ဒါပေမယ် လို့ ကိုယ် တို့က လူတွေဖြစ်နေတဲ့ အတွက်ကြောင့်… ”“ဘာလို့ ဒါကို ပဲ ခဏခဏ ထပ်ထပ်ပြောချင်နေရ တာလဲ။ ”
သူမ ဒေါသ နဲ့ ကုတင်ပေါ်ကနေ ဝုန်း ကနဲ ခုန်ထ လိုက်တယ်။ ရုတ်တရက် ခုန်ထလိုက် တာကြောင့် သူမပေါင်ပေါ် မှာ တင်ထားတဲ့ ပိုက်ဆံအိတ်ကြမ်းပြင်ပေါ် ပြုတ် ကျသွား တယ်။ (သူမ ကတော့ သူမ ရဲ့ ဒေါသ ကိုပဲ သတိပြုနေတဲ့ အတွက် ပိုက်ဆံအိတ် ကျသွားတဲ့ အပေါ်မှာသတိပြု မိဟန် မရှိပါဘူး။) ဒေါသထွက်နေ တဲ့ သူမ ဟာ ကုတင်ပေါ်ထိုင်နေ တဲ့ သူ့ကို ငုံ့ကြည့်နေတယ်။ သူ ဘာမှ မပြော လိုက်ဘူး။ သူမ ကိုပဲ ပြန်ကြည့်နေလိုက်တယ်။ သူမ သက်ပြင်းချတယ်။ ဒေါသတွေနဲ့ပေါ့။“ဒီအကြောင်း ကိုပဲ ခဏခဏ ဆွေးနွေးနေရတာ ပင်ပန်းပြီ လို့ ရှင် မထင်ဘူးလား။ ကျွန်မ လိုချင်တာ ကို ရှင့်ကို ပြောပြီးပြီ။ ရှင် လည်း ရှင် လိုချင်တာကို ကျွန်မကို ပြောပြီးပြီ။ ပြီးတော့ လည်း ကျွန်မ တို့ ထပ်တွေ့နေကြတာပဲ။
ဒီအပတ်ထဲ မှာတင် ဒီအကြောင်း ကို ရှင်နဲ့ ကျွန်မ ဆွေးနွေးကြတာ ခြောက်ခေါက် ရှိနေပြီ။ ရှင် ဘာလို့ ဒီအကြောင်းကို ပဲ ခဏခဏ ထပ်ထပ်ပြောချင်နေရ တာလဲ။ ရှင် ရူးနေတာ လား။ ကျွန်မ မောလှပြီ။”သူ မရူးဘူးလို့ စိတ်ထဲ က ပြောလိုက်တယ်။ ဘာလို့ ရူးရမှာလဲ။ ဒီ အပတ်ထဲမှာ သူမနဲ့ ဘာ အကြောင်းမှ ကို မဆွေးနွေး ရသေးဘူး။ သူမ နဲ့ ဒီအပတ် ထဲ တွေ့တာလည်း ဒါပထမဆုံး ပဲ။ ရူးချင် ရူး သူမ ရူးနေတာလို့ သူ သတ်မှတ်လိုက် တယ်။ ဘာဆက်ပြောရမယ် ဆိုတာကိုလည်း သူမသိတော့ဘူး။ တွေးလည်း မတွေးတော့ဘူး။ မတွေးလည်း မတွေးချင်တော့ဘူး။
အခန်း ဟာ နေကျ သွားပေမယ်လို့ အပူဒဏ် ကျန်ခဲ့တာကြောင့် မတရား ပူလောင်နေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ သူမကြောင့် ပိုပြီး ပူနေတယ်(လို့ ခံစားရတယ်။) ။ သူ .. သူမကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့လိုက်တယ်။မတ်တပ် အနေအထားနဲ့ သူမ ခဏရပ်နေပြီး ခဏနေတော့ သူ့နား မှာ ဖွဖွ ရရ လာထိုင် တယ် ။ သူ့ရဲ့ ဆံပင်တွေ ကို တယုတယ ပွတ်သပ်တယ်။ သူ့ရဲ့ နှုတ်ခမ်းနဲ့လည်ကုပ် ကိုရောပဲ။ပြီးတော့ သူ့နား အနား ကို ကပ်ပြီး သူမတိုးတိုးလေး ပြောတယ်။“ရှင် ဒီနေ့ ဆေးသောက်ပြီးပြီလားဟင်။”သူ ဆေးသောက် ဖို့ မလိုတော့ဘူး ဆိုတဲ့ အကြောင်း သူမ ကို မပြောလိုက်ဘူး။
နောက် တစ်ခါ ဆို ဒီလို အယူအဆ မတူ တဲ့ မိန်းမမျိုးတွေ နဲ့ ထပ်ပြီး မပတ်သက်တော့ ဖို့ သူဆုံးဖြတ် လိုက် တယ်။ သူ့ဟာ သူ မင်းသမီး မကလို့ ဘာပဲဖြစ်ဖြစ်။သူ ငြိမ်နေတာ ကို သူမ ခဏလောက်ကြည့်ပြီး ကြမ်းပြင်ပေါ် မှာ ကျနေတဲ့ သူမရဲ့ အိတ် ကို ပြန်ကောက် ယူလိုက် တယ်။ (ကြည့်ရတာ ပြန်တော့မယ့် ပုံပဲ။) ပြီးတော့ သူ့နား မှာ လာပြန် ထိုင်တယ် “ရှင် ဒီည နားဖို့ လိုအပ်နေတဲ့ ပုံပဲ။ နားလိုက်တော့နော်။ မနက်ဖြန် ည ဒီမှာပဲ ထပ်တွေ့ ကြသေး တာပေါ့။”
သူ ဘာမှ မပြောလိုက်ဘူး။ တစ်ကိုယ်လုံး ဟာ လေးလံတောင့်တင်းနေ သလို ခံစားရတယ်။ သူ အိပ်ချင်နေပြီ။သူမ သူ့ နားထင် ကို နမ်းပြီး အသာ ထထွက်သွား တာကို သိလိုက်တယ်။ ပြီးတော့ သူမ အိပ်ခန်း တံခါး ကို ချက်ခနဲမြည်အောင် ပြန်ပိတ်ပေးသွားတာ ကိုလည်း သိလိုက်တယ်။မနက်ဖြန် ည ဆိုတာ ကို သူ ရင် မခုန်ဘူး။ ရင် မခုန်တော့ဘူး။ သူ့စိတ်ထဲ မှာ အိပ်ချင် လာ တယ်။ ချက်ချင်း ဆိုသလိုပဲ သူ ကုတင်ပေါ်မှာ ပြန်ပြီး အိပ်ပျော်သွားတယ်။း